#LocalNews
Published - 6 Feb 2022


တမူးမြို့မှ ကိုဗစ်လူနာ ၂၈ ဦး ဆေးရုံဆင်းခွင့် ထပ်မံရရှိခဲ့သည့် အတွက် ယနေ့( ဖေ ဖော်ဝါရီလ ၆ ရက် နေ့)အထိ ရောဂါပိုးကင်းစင်သူ(၆၀)ဦး အထိ ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ယနေ့တွင် ကိုဗစ်ပိုးတွေ့လူနာ(၂၈)ဦးအား သတ်မှတ်ရက်ပြည့်မြောက်ပြီး ရောဂါပိုးမတွေ့ ရှိတော့သဖြင့် နေအိမ်သို့ ပြန်လည်စေလွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တမူးမြို့တွင် ယခုကူးစက်ခံနေရသော ကိုဗစ်ရောဂါပိုးမှာ ကူးစက်မှုမြန်သော်လည်း ကူးစက်ခံရသောလူနာများမှာ ကျန်းမာရေးအတွက် စိုးရိမ်စရာမတွေ့ရပါဘဲ အားလုံးကျန်းမာစွာရှိနေ တယ်လို့လည်း သိရပါတယ်။

အဆိုပါ တမူးမြို့ တွင်(ဇန်နဝါရီလ ၂၄ ရက် နေ့)တစ်ရက်ထဲမှာပင် ကိုဗစ်အတည်ပြုလူနာ ၅၉ ဦးကို စတင်တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး အဲ့ဒီလို တွေ့ ရှိပြီး နောက်ပိုင်း ၄ ရက်
အကြာ(ဇန်နဝါရီလ ၂၇ ရက် နေ့)မှာ ကိုဗစ်အတည်ပြု လူနာသစ် ၂၄ ဦး၊ (ဇန်နဝါရီလ ၂၈ ရက် နေ့)တွင် ကိုဗစ်အတည်ပြုလူနာ ၂၉ ဦးနှင့် (ဇန်နဝါရီလ ၃၀ ရက် နေ့)တွင် ကိုဗစ်အတည်ပြု လူနာသစ် ၂၉ ဦးတို့ကို ထပ်မံ တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ယခုဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တမူးမြို့တွင် ကိုဗစ်အတည်ပြုလူနာ(၆)ဦးကို ထပ်မံတွေ့ ရှိခဲ့ရတာပါ။

ဒါကြောင့် တမူးမြို့တွင် ရောဂါပိုးကူးစက်ခံရပြီးဆေးကုသမှုခံယူနေဆဲ လူနာစုစုပေါင်း(၂၅၉)ဦး အထိ ရှိ နေခဲ့တာဖြစ်ပြီး ယနေ့အထိတော့ ရောဂါပိုးကင်းစင်ပြီဖြစ် တဲ့ ကိုဗစ်လူနာ(၆၀)ဦး အထိ ဆေးရုံဆင်းခွင့်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကျန်ရှိနေသည့် ပိုးတွေ့လူနာများကိုလည်း ဆေးဝါးကုသမှုတွေကို ဆက်လက်ပြုလုပ်ပေး နေတယ်လို့လည်း ဆိုပါတယ်။

ymg/kg
#Yangon_Media_Group