#LocalHealth
Published - 2 Feb 2022

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်က စက်ရုံတစ်ခုမှာ ကိုဗစ် -၁၉ ရောဂါ လူဦးရေ ၇၀၀ ကျော် တစ်နေရာတည်းမှာ ရောဂါကူးစက်ခံရပြီး အစုလိုက်ရောဂါဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။

မင်္ဂလာဒုံမြို့နယ် စက်ရုံတစ်ခုမှာ ဓာတ်ခွဲ နမူနာ ၂,၂၃၃ ခုကို စစ်ဆေးခဲ့ရာ ၇၁၈ ဦးမှာ ကိုဗစ် ရောဂါတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရောဂါပိုးတွေ့ရှိသူ ၇၁၈ ဦးထဲက ရောဂါလက္ခဏာရှိသူ ၈ ဦးကို သတ်မှတ်ဆေးရုံမှာလည်းကောင်း၊ ကျန်လူနာ ၇၁၀ ဦးကိုလည်း သီးခြားထားကာ ကုသမှုဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

လက်ရှိ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ၈၆၁ ဦးမှာ ကိုဗစ်ရောဂါပိုးသစ်တွေ့ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၁၈၈ ဦးနဲ့ အများဆုံးတွေ့ရှိခဲ့တာပါ။

ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းအနေနဲ့ ၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိလာပြီး ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ အနည်းငယ်မြင့်တက်လာတာကို တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၃၆,၃၉၃ ဦးရှိနေပြီး သေဆုံးသူ့မှာ ဇန်နဝါရီ ၂၃ ရက်အထိ ၁၉,၃၁၀ ဦးရှိနေရာ နောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ၉ ရက်ဆက်တိုက် သေဆုံးသူမရှိတာကို တွေ့ရပါတယ်။

ymg/ ei
#Yangon_Media_Group