#LocalNews
Published - 29 Jan 2022

 

ရုပ်ရှင်ဂီတသဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာလုပ်ငန်း ၁၁၆ ခုကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူပေးလိုက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

 

ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်သွားတဲ့ လုပ်ငန်းတွေအတွက် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေးလုပ်ငန်းကော်မတီကနေ ချေးငွေထုတ်ပေးနေတာပါ။

 

ချေးငွေထုတ်ယူခွင့်ရတဲ့စာရင်းထဲမှာ နံနက်ခင်းသတင်းဂျာနယ်၊ မြန်မာသံတော်ဆင့် သတင်းဂျာနယ်၊ People Media၊ ဖော်အဲဗားဂရု(ပ်) ကုမ္ပဏီလီမိတက်၊ လပ်ကီးစမိုင်း ရုပ်ရှင်ထုတ်လုပ်ရေး၊ စိန်ဌေးရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေး စတဲ့ ကုမ္ပဏီတွေ ပါဝင်ပါတယ်။

 

အဆိုပါ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာတွေကို ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ဖို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ၁၅ ဘီလီယံ ထုတ်ချေပေးသွားမယ်လို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ကြေညာခဲ့ပါတယ်။ အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ချေးငွေကာလ တစ်နှစ်သတ်မှတ်ထားတာဖြစ်ပါတယ်။

 

ချေးငွေလျှောက်လွှာတွေကို ဆက်လက်စိစစ်ခွင့်ပြုပေးသွားမယ်ဖြစ်ပြီး ချေးငွေထုတ်ယူခွင့်ရရှိသူတွေအနေနဲ့ ဘဏ်လုပ်ထုံး လုပ်နည်းတွေနဲ့အညီ စိစစ်ပြီး ချေးငွေထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

YMG/ ei
#Yangon_Media_Group