#LocalNews
Published-28 Jan 2022

 

ဒီဇယ်ဆီများကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

 

ယခုအခါမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းတို့ပူးပေါင်းကာ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ (၃၄)သန်းဖြင့် စက်သုံးဆီ မှာယူတင်သွင်းခဲ့သည့် ကုမ္ပဏီ (၂၆) ခုမှ ဒီဇယ်ဆီဂါလန် (၁၂ ဒသမ ၅၄) သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်မှစတင်ကာ ကုမ္ပဏီ(၁၁)ခုမှတိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင် စုစုပေါင်း (၁၁၅) ဆိုင်တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။

 

ပြည်သူများအနေနဲ့ အထူးဈေးနှုန်းဖြင့် ရောင်းချပေးမယ့် စက်သုံးဆီအရောင်းဆိုင်များတွင် ဒီဇယ်ဆီများကို မြန်မာရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်မှာဖြစ်ကာ နေ့စဉ်ဒီဇယ်ဆီဈေးနှုန်းများအား မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိနေတယ်လို့ သိရပါတယ်။

 

ပြည်သူများအနေနဲ့ ဒီဇယ်ဆီများကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းဖုန်း ၀၉-၄၂၁၀၀၆၇၉၄ တို့ကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

YMG/hm
#Yangon_Media_Group