#LocalNews
Published- 28 Jan 2022

 

ကိုရီးယားနိုင်ငံတွင် နေထိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံသား ၅၀၀ ကျော်မှာ ကိုဗစ်ရောဂါကူးစက်ခံနေရတယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က ဇန်နဝါရီ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

 

ဒ့ါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ မြို့နယ်၊ ရပ်ကွက်အလိုက် သတ်မှတ်ထားတဲ့နေရာတွေမှာ ကာကွယ်ဆေးအမြန်ဆုံးသွားရောက်ထိုးနှံဖို့ မြန်မာသံရုံးက တိုက်တွန်းထားပါတယ်။

 

ကိုရီးယားအစိုးရက နိုင်ငံတွင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကိုပါ ကိုဗစ်ကာကွယ်ဆေးကို အခမဲ့ထိုးပေးနေတာဖြစ်ပြီး ကာကွယ်ဆေးထိုးနှံထားတာမရှိတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ရောဂါးကူးစက်ခံရပါက ရရှိမယ့် ကျန်းမာရေးဆိုင်ရာအကျိုးခံစားခွင့်တွေ ဆုံးရှုံးမယ်လို့လည်း အသိပေးထားပါတယ်။

 

ဒ့ါအပြင် ကာကွယ်ဆေးမထိုးရသေးသူတွေ (သို့မဟုတ်) တတိယအကြိမ် ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေ အနေနဲ့ အလည်အပတ်ခရီးသွားရောက်တာကို ရှောင်ကြဉ်ကြဖို့နဲ့ ကိုဗစ်-၁၉ ရောဂါလက္ခဏာမျေားတွေ့ရှိပါက ခရီးသွားရောက်လည်ပတ်တာတွေ မပြုကြဖို့ ပြောထားပါတယ်။

 

တောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုမှာ ၇ သိန်းကျော်ရှိနေပြီး သေဆုံးသူ ၆,၀၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေး အပြည့်ထိုးပြီးပြီးဖြစ်သလို တတိယအကြိမ် boost dose ကို လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ထိုးနှံပြီးပြီလို့ သိရပါတယ်။

 

YMG/ei
#Yangon_Media_Group