#LocalNews
Published- 29 Jan 2022

ဇန်နဝါရီလ ၂၉ရက် ယနေ့ နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင်ယာဉ်တစ်စီးအရှိန်မထိန်းနိုင်ပဲ လမ်းဘေးသစ်ပင်ဝင်တိုက်မှုကြောင့် ယာဉ်မောင်းသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။

ဖြစ်စဉ်မှာ ယနေ့၊ နံနက်၆ နာရီ မိနစ်၅၀ အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၄၂/၇နှင့် ၁၄၃/၀ ကြားတွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

ယာဉ်တိုက်မှုကြောင့်ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၁)ဦး စုစုပေါင်း (၄)ဦးအနက် ယာဉ်မောင်း ကျား(၁)ဦး (သေဆုံး)၊ ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)နှင့် ကျန်(၁)ဦး၊ (မ)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား ကမ်းမယ့်လက်များလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် တောင်ငူဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
ymg/hm
#Yangon_Media_Group