#LocalNews
Published - 25 Jan 2022

 

စက်ဘီးနဲ့အမျိုးသားတစ်ဦးအား ကားတစ်စီးမှ တိုက်ပြီး မောင်းပြေးသွားသဖြင့် အတိုက်ခံရသူ အဆိုပါ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရသည့် ဖြစ်စဥ်တစ်ခု ယမန် နေ့(ဇန်နဝါရီ ၂၄)ရက်၊ ညနေပိုင်းအချိန်က မုံရွာမြို့မှာ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

 

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ဟာ မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ကားလေးကွင်း တောင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

စက်ဘီးနဲ့အမျိုးသားတစ်ဦးအား ကားတစ်စီးမှ တိုက်၍ မောင်းပြေးသွားကြောင်း တာ၀န်သိပြည်သူတစ်ဦးမှ ဖုန်းဆက်အကြောင်းကြားမှုအရ ဒေသခံလူမှုကူညီ ရေးအသင်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ လူမှူကယ်ဆယ်ရေးအဖွဲ့ချူပ်(မုံရွာ)က အခင်းဖြစ်နေရာသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရတာပါ။

 

အဆိုပါ စက်ဘီးစီးနင်းသူအမျိုးသားအား မည်သည့်ယာဉ်က တိုက်ပြီးမောင်းပြေးသွားသည်ကိုတော့ အခုအချိန်အထိ မသိရသေးပါဘူးလို့ ဒေသခံ လူမှုကူညီရေးအဖွဲ့က ဆိုပါတယ်။

 

ယင်းယာဉ်တိုက်ခံရမှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့သည့်အမျိုးသား၏ (Dead Body)ကိုလည်း ဒေသခံ လူမှုကယ်ဆယ့်ရေးအဖွဲက မုံရွာဆေးရုံကြီး(OPD)မှတစ်ဆင့် ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံ လူမှူကယ်ဆယ်ရေးအဖွဲ့ချုပ်(မုံရွာ)

ymg/kg
#Yangon_Media_Group