#LocalNews

 
#Published -23 Jan 2022
စက်သုံးဆီစျေးနှုန်းတွေ အဆမတန်မြင့်မားလာတာကြောင့်  ဝင်ငွေထွက်ငွေမမျှတာတွေဖြစ်လာတာကြောင့်စက်သုံးဆီသုံးအငှားယာဥ်အချို့ ရပ်နားလာရတယ်လို့  သိရပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြေးဆွဲနေတဲ့အငှားယာဥ်တွေမှာ သဘာဝဓါတ်ငွေ့CNGသုံးယာဥ်တွေရှိသလို စက်သုံးဆီနဲ့ ပြေးဆွဲဝန်ဆောင်မှုပေးနေတဲ့ ယာဥ်တွေလည်းရှိတာကြောင့် လတ်တလောမှာ စက်သုံးဆီနှုန်းတွေမြင့်တက်လာတာကြောင့် ပြေးဆွဲဖို့ အခက်အခဲရှိလာတယ်လို့ သိရပါတယ်။
 
"ခုဆီစျေးနဲ့ကဘယ်လိုမှအဆင်မပြေဘူး။ဒါကြောင့်ရပ်ထားတာ။အရင်ငှားနေကျသူတွေရှိရင် လိုက်တယ်ဒီလောက်ပဲ။ခရီးသည်က သူတို့ စီးနေကြပုံမှန် စျေးကိုပဲမှတ်ထားတာလေ။CNGကတော့ သတ််မှတ်စျေးနဲ့လိုက်နိုင်ပေမယ့် ကျွန်တော်တို့ လို ဆီကားတွေကျတော့ အရင်စျေးနဲ့မရတော့ဘူး အရင်စျေးထက် ၁၀၀၀လောက် ၁၅၀၀လောက်ပိုတောင်းမှရတော့တာ
ခရီးသည်ကလည်းမပေးချင်တော့ ကိုယ်တိုင်လည်းမထွက်ဖြစ်တော့ဘူး။အုံနာနဲ့မောင်းတဲ့လူဆိုပိုဆိုးတာပေါ့ အုံနာခနဲ့ ဆီဖိုးရှာနေရသလိုဖြစ်နေတယ်။"လို့  အငှားယာဥ်မောင်းတစ်ဦးကပြောပါတယ်။
 
CNG ယာဥ်တွေအနေနဲ့လည်း လတ်တလောမှာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် သဘာဝဓါတ်ငွေ့ရရှိဖိုအချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်း၊သဘာဝဓါတ်ငွေ့ပမာဏအပြည့်မရတာတွေရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
 
 စက်သုံးဆီဈေးတွေဟာ ယခုလက်ရှိမှာတော့ 92 အမျိုးအစားဆိုရင် ၁၅၄၀ ကျပ်၊ 95 အမျိုးအစားဆိုရင် ၁၅၉၀ ကျပ်၊ ရိုးရိုးဒီဇယ်ဆိုရင် ၁၅၆၅ ကျပ် နဲ့ ပရီမီယံဒီဇယ်ဆိုရင် ၁၅၇၅ ကျပ် ဝန်းကျင်တွေအထိ ဈေးတွေမြင့်တက်နေလျက်ရှိပါတယ်။
ymg/hm