#LocalNews

Published - 23 Jan 2022
ရန်ကုန်မြို့တွင် လုယက်မှုနှင့် ခါးပိုက်နှိုက်မှု ဖြစ်စဥ်များ ယခုကာလအတွင်းမှာ ပိုမိုများပြားလာ နေတယ်လို့ ရန်ကုန်မြို့ တွင် နေထိုင်သူများက ဆိုပါတယ်။
 
လုယက်မှုဖြစ်စဥ်များကို ရန်ကုန်မြို့ ၏ ဆင် ခြေဖုံးမြို့နယ်များတွင် အများဆုံးကြုံတွေ နေရပြီး ခါးနှိက်မှု ဖြစ်စဥ် တွေကိုလည်း မြို့ ပြ အများပြည်သူ သယ်ယူပို့ ဆောင် ရေးဖြစ်တဲ့ YBS ယာဥ်လိုင်း တွေ ပေါ်မှာ အများဆုံးကြုံနေရတာဖြစ်တယ်လို့ ရန်ကုန်မြို့ တွင်နေထိုင်သူများက  ပြောပါတယ်။
 
"မနက်က ဆိုင်ကယ်နဲ့ဆွဲကြိုးလုသွားပါတယ်။ ကိုယ်တွေနားမှာ ခဏခဏ အလုခံနေရပါတယ်။ အခုတလော ဖုန်းတွေ ဆွဲကြိုးတွေ တအားလုနေလို့ ဘယ်သွားသွား ဖုန်းမယူသွားဖြစ်ဘူး။ မနက်က အရေးကြီးဖုန်းတွေ ခေါ်ထားတာ မကိုင်ဖြစ်လိုက်ဘူး။ တကယ်ကို ခေတ်ပျက်ကြီးပါ။" လို့ ရန်ကုန်မြို့ တွင်  နေထိုင်သူတစ်ဦးက ၄င်း ကြုံ တွေ့ခဲ့ရသည်ကို လူမှုကွန်ရက် ပေါ်မှာ ပြန်လည်မျှဝေပြောပြထားခဲ့တာပါ။
 
အလားတူ YBS ကားများ ပေါ်မှာလည်း ခါးပိုက်နှိုက်များ အလွန် ပေါများ နေပြီး ခါးနှိုက်
သူများက မိုဘိုင်းလက်ကိုင်ဖုန်းများကို အဓိ ပစ်မှတ်ထား နှိုက်ယူကြတယ်လို့ လည်း YBS စီးနင်းကြသည့် ခရီးသွားပြည်သူများက ဆိုပါတယ်။
 
"မနေ့က YBS 4  ပေါ်မှာကျ နော့်ကျောပိုးအိတ်ကို ခါးပိုက်နှိုက်
တယ်။  တော် သေးတာက ဘာမှမပါသွားဘူး။ လိုင်းကား တွေကလည်း သိတဲ့အတိုင်း ရုံးတက်၊ရုံးဆင်းချိန်ဆိုရင် တအားကြပ်ပါတယ်။ မနည်းတိုးစီးရတာ ပေါ့၊  လူကြပ်တာကို အခွင့် ကောင်းယူပြီး ခါးပိုက်နှိုက်ကြတာ ပေါ့။ ကျနော် ထိုင်ခုံ နေရာရလို ကြည့်တော့မှ လွယ်အိတ်အ ရှေ့ဇစ်ကပွင့် နေတယ်။ ဒါပေမဲ့ အဲ့ အရှေ့အိတ်ထဲမှာက ဘာမှ မထည့်ထားဘူး။ ဖုန်းကိုလည်း လက်က ကိုင်ထားတယ်။ ပိုက်ဆံကလည်း  ဘောင်းဘီ အိတ်ထဲမှာဆို တော့ ကံ ကောင်းသွားတယ်ဘဲ ပြောရပါမယ်။ ဒါ ပေမဲ့ ကျ  နော့် ရုံးက လုပ် ဖော်ကိုင်ဘက် သူငယ်ချင်းနှစ် ယောက်က တော့ မကြာ သေးခင်ကဘဲ ဒီလိုဘဲ လိုင်းကားစီးရင်းနဲ့ သူတိုဖုန်းတွေကို ခါးပိုက်နှိုက်ခံလိုက်ရပါတယ်။ ဒ လိုင်းကားစီးတဲ့ သူတိုင်း 
အထူးသတိပြုသင့်ပါတယ်။"လို့  ရန်ကုန်မြို့  မှ ကုမ္ပဏီဝန်ထမ်းတစ်ဦးက  ပြောပြခဲ့ပါတယ်။
 
အဆိုပါ ခါးပိုက်နှိုက်တွေဟာ မြို့ တွင်းပတ်ယာဥ်လိုင်းများဖြစ်တဲ့ YBS 56,57 နှင့် 58 ယာဥ်လိုင်းများ ပေါ်တွင် အများဆုံးလှုပ်ရှားကြပြီး  ရွှေပြည်သာ၊ လှိင်သာယာ၊ ဒဂုံဆိပ်ကမ်းနှင့် ဒဂုံ (၄) မြိုနယ်သို့ သွား ရောက်ကြသည့် လိုင်းကားများ ပေါ်တွင် အများဆုံး တွေ့တတ်ရတယ်လို့ လည်း YBS ယာဥ်လိုင်းများ၏ အချိန်မှူးတစ်ဦးက အခုလို  ဆက်လက် ပြောပြခဲ့ပါတယ်။
 
"ဟုတ်ပါတယ်။ အခု နောက်ပိုင်း ခါးပိုက်နှိုက် တွေ  တော်တော် တော်များးလာတာကို  တွေ့ရပါတယ်။မှတ်တိုင်ကို ကား တွေဝင်လာပြီ ဆိုတာနဲ့ ခရီးသည် တွေကို အမြဲသတိ ပေးရတယ်။  ပြောပြရတာပေါ့၊ ဖုန်းတွေ ပိုက်ဆံအိတ်တွေကို ကိုယ်နဲ့ မကွာထားဖို့   အမြဲဂရုစိုက်ကြဖို့     ပြောပြရတာ ပေါ့။ ယာဥ် မောင်း တွေကလည်း တတ်နိုင်သလောက် ပြောပြ ပေး နေပါတယ်။
ပြောရရင် အခုကာလမှာ ဒီလိုဖြစ်စဥ် တွေ  တော် တော်များလာပါတယ်။"လို့   သာကေတ သဘော်ကျင်းမှတ်တိုင်မှ YBS အချိန်မှူးတစ်ဦးက ပြောပြခဲ့ပါတယ်။
 
ဒါ့အပြင် ယမန် နေ့(ဇန်နဝါရီ ၂၂)ရက် နေ့က  တောင်ဥက္ကလာပမြို့  နယ်၊ နန္ဒဝန် စျေးအနီးရှိ  နေအိမ်တစ်အိမ်မှာ အနုကြမ်းစီး ပစ္စည်းယူငင်မှု ဖြစ်စဥ် တစ်ခုဖြစ်ပွားခဲ့ပြီး မကြာခင်မှာဘဲ အဆိုပါ အနုကြမ်းစီးတဲ့သူက ကာယကံရှင် မိသားစုကို ပြန်လည်ဝန်ချ တောင်းပန်ခဲ့သည့် အတွက် အိမ်ရှင်မိသားစုက အမှုပိတ်သိမ်း ပေးခဲ့သည့် ဖြစ်စဥ်တစ်ခု ဖြစ် ပေါ် ခဲ့တယ်လို့  လူမှုကွန်ရက်သတင်း တွေအရ သိရပါတယ်။
 
ဒါ ကြောင့်လည်း ယခုကာလတွင် လုယက်မှုဖြစ်စဥ် တွေ ပေါများ နေသည့် အတွက် ရန်ကုန်မြို့  နေ ပြည်သူလူထု အ နေနဲ့ ပြင်ပသို့  သွားလာရာတွင် အထူးဂရုပြုကြရန်
နှင့် ညပိုင်းအချိန်များ သွားလာမည်ဆိုပါကလည်း ပိုမိုဂရုပြုကြဖို့  ရန်ကုန်မြို့ အခြေစိုက် လူမှုကူညီ ရေးအသင်း တွေကလည်း တိုက်တွန်းနှိး ဆော်ထားတာကို  တွေ့ရပါတယ်။
 
ymg/kg
#Yangon_Media_Group