#LocalNews

Published - 23 Jan 2022

ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ ကျောက်မဲမြို့ ပေါ် ရှိ စစ်ဘေး ရှောင်စခန်းများရှိ ပြည်သူများအား အခမဲ့ ကျန်းမာ ရေး စောင့် ရှောက်မှု တွေကို နမ့်ခုံးရှမ်းများပရဟိတအသင်းက  ပြုလုပ် ပေး  နေတယ်လို့  သိရပါတယ်။
 
"ကျန်းမာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တွေနဲ့အတူ နမ့်ခုံးရှမ်းများပရဟိတအသင်းက ဆရာမ တွေကကျောက်မဲမြို့ ပေါ် စစ်ရှောင်စခန်း တွေမှာရှိတဲ့ စစ် ရှောင်ပြည်သူ တွေအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု တွေကို ကုသိုလ်ယူပြုလုပ် ပေး နေတာပါ။ သူတို့  ကိုဗစ် ဆေးမထိုးရ သေးတဲ့သူ တွေဆိုလည်း ကိုဗစ် ဆေး ပေါ့။  ပြောရရင် သူတို့ တွေ ရောက်လာထဲက စစ် ရှောင်စခန်း တော် တော်များများမှာ ကိုဗစ် ဆေးထိုးတာ တွေကို အစထဲကလုပ် ပေးနေတယ်။ အခုလို  ဆေး ပေးခန်း  လေး တွေဖွင့်ပြီး ကျန်တဲ့ကျန်းမာ ရေး စောင့် ရှောက်မှု တွေကိုလည်း ပြုလုပ် ပေး နေပါတယ်။ ဆေးဝါးကုသိုလ် ပါဝင်လှူဒါန်းချင်တဲ့ အလှူရှင် တွေကိုလည်း ဖိတ်ခေါ်ပါတယ်။"လို့ နမ့်ခုံးရှမ်းများပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးက  ပြောပြခဲ့ပါတယ်။
 
အဆိုပါ ရှမ်းပြည်နယ်( မြောက်ပိုင်း) နယ်  မြေဒေသအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများဖြစ်တဲ့ RCSS နှင့် SSPP, TNLA ကြား ပြီးခဲ့သည့်နှစ် ဇွန်လဆန်းကစပြီး စစ် ရေးတင်းမာမှု တွေဖြစ် ပေါ် ခဲ့တာဖြစ်ပြီး ယနေ့အထိ   ပြည်နယ်အတွင်းက နေရာ ဒေသအချို့    မှာ ထိတွေ့တိုက်ပွဲ တွေ ဖြစ်ပွား နေခဲ့တာပါ။
 
ဒါ ကြောင့် အခုလက်ရှိအချိန်အထိ ကျောက်မဲမြို့ပေါ်မှာ စစ်ဘေး ရှောင်စခန်း(၄)ခုအထိ ဖွင့်လှစ်ပေးထားပြီး စစ်ဘေး ရှောင်ပြည်သူလူဦး ရေထောင်ချီကို ဒေသခံ လူမှုကူညီ ရေးအသင်းတွေနဲ့ မြို့ခံ တွေက ကူညီစောင့်ရှောက် ပေးထားရတာပါ။
 
သို့ သော်လည်း ကာလကြာရှည်လာပါက စစ်ဘေး ရှောင်ပြည်သူ တွေရဲ့ စားဝတ်နေရေးနှင့်  ဆေးဝါးအပိုင်းမှာ အခက်အခဲ တွေရှိလာနိုင်ပြီး ၄င်းတို့ အတွက် စားနပ်ရိက္ခာ နှင့်  ဆေးဝါး လိုအပ်လာမှု တွေရှိလာနိုင်မယ်လို့ လည်း စစ်ဘေး ရှောင်အ ရေး ကူညီ ဆောင်ရွက်သူများက  ပြောပြခဲ့ပါတယ်။ 
 
ymg/kg
#Yangon_Media_Group