#LocalNews
Published - 23 Jan 2022
ပုဂံ - ညောင်ဦး ဒေသရှိ မြင်းကပါ ကျေးရွာတွင်လျှပ်စစ်မီးများပြတ်တောက်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်တယ်လို့ ဒေသခံများ၏ ပြောပြမှုအရသိရပါတယ်။

ယခုကဲ့သို လျှပ်စစ်မီးများပြတ် တောက် နေသည့် အတွက် ပုဂံ- ညောင်ဦး ဒေသခံများအနေနဲ့ အခက်အခဲများကြုံတွေ့ နေရပြီး အချို့ သော စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာမှာလည်း လျှပ်စစ်မီးလိုအပ်ချက်ကများစွာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"လျှပ်စစ်မီးဖြတ်တောက်ခံထားရတာ အခုဆိုရင် တစ်ပတ်ပြည့်ပါပြီ။ မြင်းကပါရွာမှာ ပထမ စစ မီးဖြတ်တုန်းက ဆိုရင် ထရန်စဖော်မာပေါက်တယ် ပြောပြီး ဖြတ်လိုက်တယ်၊ နောက်ပိုက်ဆံကောက်တယ်။ ပိုက်ဆံ ကောက်ပြီး တော့ ဘယ်လို ပြောရမလဲ ရွာကလည်း ပိုက်ဆံမရှိလို့ လားမသိဘူး။ အခုထိရွာမှာ မီးမလာတာဟာ ၅ ရက်၊ ၆ ရက် လောက်ရှိသွားပါပြီ။ ၂၄ နာရီလုံးလုံးဆို တော့ ဖုန်းအားသွင်းရင် တောင် ညောင်ဦးသွားသွင်းရတယ်၊ ပုဂံကိုသွားသွင်းရတယ်။ မြို့ ပေါ်မှာလည်း အချိန်နဲ့ဘဲ အလှည့်ကျမီး ပေးတယ်။ ရွာမှာလည်း မီးလုံးလုံးပြတ် နေတယ်၊ အဲ့လိုဖြစ် နေတာ ပေါ့။"လို့ အဆိုပါကျေးရွာမှာနေထိုင်သူတစ်ဦးကပြောပြခဲ့ပါတယ်။

အဆိုပါ မြင်းကပါ ကျေးရွာဟာ ပုဂံ - ညောင်ဦး ဒေသရဲ့ ထင်ရှားတဲ့ကျေးရွာကြီးတစ်ခုဖြစ်ပြီး လူနေအိမ်ထောင်ချီရှိတဲ့ကျေးရွာကြီး တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုလိုလျှပ်စစ်မီးတွေ ပြတ်တောက်နေရတဲ့ အကြောင်းအရင်းကိုလည်း ဒီကနေ့အထိ သေသေချာချာ သိရှိရခြင်းမျိုးမရှိဘူးလို့ လည်း ဒေသခံတွေက ဆိုပါတယ်။

"မီးမဖြတ်ခင်က မနူဟာဘုရားက နေ အော်လံနဲ့ လိုက်ကြေညာတယ်၊ မီးဖြတ်မယ် ဆိုပြီး ပြီးရင်ပိုက်ဆံ ကောက်မယ် ပြောတယ်။ မြင်းကပါရွာကလည်း ပုဂံ- ညောင်ဦး မြို့နယ်ထဲမှာပါ ပေမယ့် သူက တစ်ရွာထဲ ခွဲထွက်သလို ဖြစ်နေတာ ပေါ့။ အဲ့တော့ ဖြတ်လို့ ရတယ်ဆိုပြီး မီးဖြတ်ထားသလား တော့မသိဘူးပေါ့နော်။ ဒီနေ့အထိ တော့ မီးပြန်မလာ သေးပါဘူး။လျှပ်စစ်မီး တွေပြတ်နေလို့ မီးစက်တွေဝယ်ကြရတယ်။ ပုဂံမြို့ပေါ်ဆိုရင် ပစ္စည်း ပြတ်သွားတယ်၊ ဝယ်ကြတာတချို့ မဖြစ်မနေအလုပ်လုပ်ရမယ့်သူတွေကဝယ်ကြရတာပေါ့။ အရင်ကဆိုရင် ကျမ့အိမ်က တစ်ရွာလုံးကို ရေအလကား ပေးတာ လေ၊ သောက်သုံးရေ ပေါ့။

အခုကျတော့ မပေးနိုင် တော့ဘူး။ ရေတစ်ဘူးကို ၅၀ နဲ့ ပြန် ရောင်းရတယ်၊ ချိုးရေက တော့ မြစ်ဆိပ်နဲ့နီးလို့ အဆင်ပြေတယ်ဘဲထားအုံး၊ သောက် ရေကျ တော့ရှားသွားတာ ပေါ့။ တချို့ဆို ဖုန်းအားသွင်းဖို့ မီးစက်ရှိတဲ့ အိမ် တွေမှာ တစ်နာရီကို ၂၀၀ နဲ့အားသွင်းရတယ်။ ၅၀၀ နဲ့အားသွင်းရတယ်၊ အစားစား ပေါ့ တော် တော် လေးအခက်အခဲဖြစ်သွားတာ ပါ။"လို့ သူက အခုလိုဆက် ပြောပြခဲ့ပါတယ်။

လက်ရှိအချိန်အထိ အဆိုပါ ကျေးရွာတွင် လျှပ်စစ်မီးများ အချိန်ကြာမြင့်စွာပြတ်တောက် နေသည့်အတွက် လူမှုပြဿနာများစွာကိုလည်း ကြုံနေရတယ်လို့ ဒေသခံများကပြောပြခဲ့ပါတယ်။

Photo - Internet

ymg/kg
#Yangon_ Media_Group