#LocalNews
Published - 22 Jan 2022

 

တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်ကို ကြိုဆိုသောအနေနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေသော ပြစ်ဒဏ်ကျခံသူ စုစုပေါင်း (၁၆၇) ဦးအား ပြန်လည်လွှတ်ပေးခဲ့တယ်လို့ RCSS ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တတိယအကြိမ်မြောက် ကောင်စီကွန်ဂရက်နဲ့ပက်သက်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ ထုတ်ပြန်ကြေညာချက်တွင်ပါရှိတဲ့အတိုင်း RCSS ရဲ့ ဌာနချုပ် လွယ်တိုင်းလျဲန်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် ပြစ်ဒဏ်ကျခံသူ စုစုပေါင်း (၁၄၀) ဦးအား လွတ်ပေးပြီး တွေ့ဆုံပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါတွေ့ဆုံပွဲအား RCSS ၏ ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပြီး အရာရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိသော ပြစ်ဒဏ်ကျခံသူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

RCSS အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ စုစုပေါင်း (၁၆၇) ဦးအား ဇန်နဝါရီလ ၁၈ ရက်မှစ၍ လွတ်ပေးသွားမယ်လို့ ထုတ်ပြန်ကြေညာထားတဲ့အတိုင်း RCSS ရဲ့ ဌာနချုပ် လွယ်တိုင်းလျဲန်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် ပြစ်ဒဏ်ကျခံသူ စုစုပေါင်း (၁၄၀) ဦးအား လွတ်ပေးပြီး တွေ့ဆုံပွဲပြုလုပ်ကျင်းပခဲ့တဲ့အပြင် RCSS အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ပြုပြင်ထိန်းသိမ်းရေးစခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံသူ (၂၇) ဦးကိုလည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

YMG/hm
#Yangon_Media_Group