ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့အမှုစစ်ဆေးမှုကို ယခုကာလဟာ အများပြည်သူရက်ရှည်ရုံးပိတ်ရက်သတ်မှတ်တာကြောင့် ဒီကနေ့ ဇူလိုင်လ (၂၆) ရက်နေ့မှာ မစစ်ဆေးဖြစ်ပဲ ရက်ရွေ့ဆိုင်းလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဇော်က Yangon Times ကိုပြောပါတယ်။