ရန်ကုန်တိုင်းဒေသကြီးအတွင်းက နိုင်ငံပိုင်ဆေးရုံးတွေမှာ နေ့စဉ်တက်ရောက် ကုသနေတဲ့ လူနာအရေအတွက်တွေ များပြားလာတာကြောင့် လူနာလက်ခံနိုင်မှု နည်းပါးမှုကို ဖြေရှင်းဖို့ ယာယီကုသရေးစင်တာတွေ ဖွင့်လှစ်သွားမယ်လို့ ရန်ကုန်တိုင်းကောင်စီဥက္ကဋ္ဌ ဦးလှစိုးက အသိပေးပြောကြားထားပါတယ်။