#LocalNews

Published-8 Jan 2022

 

ဇန်နဝါရီလ ၈ ရက်နေ့ ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ကျန်စစ်သားလမ်းမပေါ်ရှိ အမှတ် ၁၃ ရပ်ကွက် အမှိုက်ပုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ ယနေ့နံနက် ၇ နာရီ မိနစ် ၅၀ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ကျန်စစ်သားလမ်းရှိ စည်ပင်အမှိုက်ပုံးအတွင်းမှ အမှိုက်ထုတ်ကို ကလေးငယ်တစ်ဦးနဲ့ လူရွယ်တစ်ဦးတို့က ကောက်ယူစဥ် ပလပ်စတစ်အိတ်တစ်ခုအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးကလေးငယ်တစ်ဦးသေဆုံးကာ ကျန်လူရွယ်တစ်ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။

 

“ကျွန်တော်တို့လမ်းထိပ်က အမှိုက်ပုံမှာဖြစ်တာပါ လူငယ်တစ်ဦးနဲ့ကလေးငယ်တစ်ဦးပဲ ဘယ်လိုတော်စပ်လည်းတော့မသိဘူး ကလေးငယ်ကတော့ သေဆုံးသွားတယ် လူငယ်ကတော့ တော်တော်ထိသွားတယ်ဗျ"ဟု ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ပြောပါတယ်။

 

ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဒဏ်ရာရ သေဆုံးသူကို ဆေးရုံသို့တင်ပို့လိုက်တယ်လို့ သိရပါတယ်။

 

YMG/hm

 

photo -CJ

#Yangon_Media_Group