#LocalNews

Published - 8 Jan 2022

 

ပဲခူးတိုင်းဒေသကြီး ၊ ကညွတ်ကွင်းမြို့ အနောက် ၊ဆင်ဆိပ်ကြီးကျေးရွာတွင် ခင်ပွန်းဖြစ်သူက ဇနီး အပါအဝင် ၆ နှစ်အရွယ်သမီးတစ်ဦး၊ ၄ နှစ်အရွယ် သားတစ်ဦးနှင့် အသက် ၄၂ နှစ်အရွယ်ဇနီးဖြစ်သူ တို့ကို သတ်ဖြတ်မှုဖြစ်ပွားကြောင်း ကညွှတ်ကွင်းမြို့ နာရေးသီးသန့်စေတနာရှင်များကူညီရေးအဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ယင်းကွယ်လွန်သူများကို ဆင်ဆိပ်ကြီးကျေးရွာသုသာန်သို့ ဇန်နဝါရီလ ၇ ရက် ညနေ ၃ နာရီအချိန် ပို့ဆောင်သဂြိုလ်ပေးခဲ့ကြောင်း ကညွှတ်ကွင်းမြို့နာရေးသီးသန့်စေတနာရှင်များကူညီရေးအဖွဲ့က ထုတ်ပြန်ထားတာပါ။

 

မည်သည့်အတွက် အဆိုပါ အမှုအခင်းဖြစ်ရသည်ကိုမူ မသိရသေးပေ။

 

Photo - ကညွှတ်ကွင်းမြို့ နာရေးသီးသန့်စေတနာရှင်များကူညီရေးအဖွဲ့ ။

 

YMG/kg

#Yangon_Media_Group