#LocalNews

Published-7Jan 2022

 

၂၀၂၁ ခုနှစ်အတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်း ထိတွေ့ပစ်ခတ်မှုဖြစ်စဥ် အကြိမ်ရေ ၃,၀၀၀ကျော် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

 

ထုတ်ပြန်ချက်အရ တပ်မတော်နဲ့လက်အောက်ခံတပ်များမှ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏လက်အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့နဲ့ နေ့စဥ်ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

 

၂၀၂၁ ခုနှစ်အတွင်းတပ်မတော်၊ လက်အောက်ခံတပ်တွေနဲ့ ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့၏ ကေအဲန်ယူထိန်းချုပ်နယ်မြေ တပ်မဟာအသီးသီးတွင် ထိတွေ့ပစ်ခတ်မှုစုစုပေါင်းအကြိမ်ရေများမှာ

 

ဒူးသထူခရိုင်/ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေအတွင်းတွင် (၂၄၉) ကြိမ်

တောင်ငူခရိုင်/ တပ်မဟာ(၂)ထိန်းချုပ်နယ်မြေအတွင်းတွင် (၅၀) ကြိမ်

ညောင်လေးပင်ခရိုင်/တပ်မဟာ(၃)ထိန်းချုပ်နယ်မြေအတွင်းတွင် (၁၀၀) ကြိမ်

မြိတ်ထားဝယ်ခရိုင် / တပ်မဟာ(၄)ထိန်းချုပ်နယ်မြေအတွင်းတွင် (၉) ကြိမ်

မူတြော်ခရိုင် / တပ်မဟာ(၅)ထိန်းချုပ်နယ်မြေအတွင်းတွင် (၂၆၉၆) ကြိမ် နှင့်

ဒူးပလာယာခရိုင် / တပ်မဟာ(၆)ထိန်းချုပ်နယ်မြေအတွင်းတွင် (၅၂) ကြိမ် စသည့်တို့ ဖြစ်ပွားခဲ့တာကြောင့် ကေအဲန်ယူထိန်းချုပ်နယ်မြေ တပ်မဟာများအားလုံးအတွင်း ထိတွေ့

ပစ်ခတ်မှုစုစုပေါင်းအကြိမ်ရေများမှာ ( ၃,၁၅၂ ) ကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

 

တိုက်ပွဲများကြောင့် ပြည်သူလူထုပေါင်း ( ၅၀,၀၀၀ )ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ အခက်အခဲအမျိုးမျိုးနှင့်လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

YMG/hm

#Yangon_Media_Group