#LocalNews

Published-7 Jan 2022

 

ဇန်နဝါရီလ ၇ ရက်နေ့ ယနေ့မွန်းလွဲပိုင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရုံး၊ သံတမန်ဆောင်မှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်သို့ အလုပ်သဘောခရီးစဥ်လာရောက်တာဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ယနေ့နံနက်ပိုင်းက အထူးလေယာဉ်ဖြင့် နေပြည်တော်ကို ရောက်ရှိလာတာဖြစ်ပါတယ်။

 

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

 

ရောက်ရှိလာစဥ်မှာ ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ် -၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေးပစ္စည်းများဖြစ်တဲ့ Face Mask ၃ သန်း၊ N- 95 Mask ၂ သိန်း၊ Goggle တစ်သိန်း၊ PPE ဝတ်စုံ ၃ သောင်း၊ Face Shield ၃ သောင်း၊ Safety Plastic Boots PR ၃ ထောင်၊ Ventilator Machine Unit ၅၀၊ Patient Monitor + accessories Unit ၅၀၊ Oxygen Concentrator Unit ၅၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

 

ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအပြင် အာဆီယံအပါအဝင် ဒေသဆိုင်ရာအကျိုးတူကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်းဖလှယ်သွားမယ်လို့ သိရပါတယ်။

 

YMG/hm

#Yangon_Media_Group