#LocalNews

Published-7 Jan 2022

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယခင်က လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်မယ့်အချိန်ကို နံနက် ၇ နာရီကနေ ည ၁၁ နာရီအထိ ဆိုပြီး ကြေညာခဲ့ပါတယ်။

အခုအခါမှာတော့ နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီအတွင်း တစ်ချိန်၊ ညနေ ၅ နာရီမှ ၇ နာရီအတွင်းတစ်ချိန် မနက် ညနေဆိုပြီး နှစ်ကြိမ်ပြတ်တောက်မယ်လို့ ပြင်ဆင်ကြေညာခဲ့ပါတယ်။

 

ဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်နေ့က လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ စက်ရုံကြီးတွေ ဓာတ်အားထုတ်လုပ်နိုင်တဲ့အခြေအနေ လျော့နည်းလာတဲ့အတွက် ဝန်အားထိန်းညှိတဲ့အနေနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်တာလို့ ကြေညာခဲ့ပါတယ်။

 

ဓာတ်အားစနစ်အတွင်း ဓာတ်အားလိုအပ်ချက် ၁,၄၇၀ မဂ္ဂါဝပ်ခန့် လျော့နည်းရရှိနေတဲ့အတွက် ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့အပြားမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တာဖြစ်ပါတယ်။

 

အခုလို လျော့နည်းရရှိနေတာဟာ ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်နေတဲ့အတွက် LNG to Power ဓာတ်အားပေးစက်ရုံတွေ ရပ်တန့်ထားရတာဖြစ်ပြီး ရတနာကမ်းလွန်ဓာတ်ငွေ့စီမံကိန်း နှစ်စဉ်ပုံမှန်ထိန်းသိမ်းမှုတွေ ဆောင်ရွက်နေရတာကြောင့် သဘာဝဓာတ်ငွေ့ဓာတ်အားပေး စက်ရုံတွေရဲ့ ထုတ်လုပ်မှုတွေ လျော့နည်းရတာဖြစ်တယ်လို့ သိရပါတယ်။

 

YMG/ee

photo - Internet

#Yangon_Media_Group