#LocalNews

Published-7 Jan 2022

 

မြစ်ကြီးနားမြို့တွင် ငွေကျပ်သိန်း ၅,၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြိုသစ်ကြီး(ဂျန်မိုင်ကောင်း)ရပ်ကွက်၊ အိမ်အမှတ် (၂၄၉)နေ မခေါန်ဆန် ၏ နေအိမ်အား သတင်းအရရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ ဆာလာအိတ်များအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃ ဒသမ ၇၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၃၆ သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်အရဖမ်းဆီးရမိသူအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

YMG/hm

#Yangon_Media_Group