#LocalNews

Published-7 Jan 2022

 

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံးပါဝင်သော အဓိပ္ပယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများနဲ့သာ ဖြေရှင်းနိုင်မယ်လို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST က ထုတ်ပြန်လိုက်ပါတယ်။

 

ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းခဲ့ဘဲ အင်အားသုံးဖြေရှင်းခဲ့တာကြောင့် အပြစ်မဲ့ပြည်သူများသေဆုံးခဲ့ခြင်း၊ အတိဒုက္ခရောက်ခြင်း၊ လူမှုစီးပွားရေးနိမ့်ဆင်းသွားခြင်း၊ လူငယ်များ အနာဂတ်ပျောက်ဆုံးသွားခြင်းများ ကြုံတွေ့ခဲ့ရမှုအပေါ်  အထူးဝမ်းနည်းတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ၂၀၂၂ ခုနှစ်မှာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ သက်ဆိုင်ရာအစုအဖွဲ့တွေကို ပန်ကြားတယ်လို့ဖော်ပြထားပါတယ်။

 

ထို့အပြင် ၂၀၂၂ ခုနှစ်အတွက် PPST ကချမှတ်ထားသောလုပ်ငန်းစဥ်အဖြစ် လက်ရှိမြန်မာနိုင်ငံအကြပ်အတည်း ဖြေရှင်းရေးအတွက် NCA ရဲ့ အနှစ်သာရကိုသော်လည်းကောင်း၊ PPST ရဲ့ နိုင်ငံရေးဦးတည်ချက် ၇ ရပ်ကိုသော်လည်ကောင်း အခြေခံကာ နိုင်ငံရေးအကြပ်အတည်များ ဖြေရှင်းနိုင်ရေးကြိုးပမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် လက်ရှိနိုင်ငံရေးအကြပ်အတည်းများ ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာ၏ ကြားဝင်စေ့စပ်ဖြေရှင်းမှုတွေဟာ မြန်မာနိုင်ငံ၏ ပဂတိအခြေအနေနဲ့အညီ လက်တွေ့ကျကျဆောင်ရွက်နိုင်ဖို့ PPST ကကြိုးပမ်းသွားမယ်လို့ ဖော်ပြရေးသားထားပါတယ်။

 

YMG/hm

#Yangon_Media_Group