#Local_News
Published - 6 Jan 2022

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ မန္တလေးတိုင်းကို သယ်တဲ့ငွေ ကျပ်သိန်း ၄,၇၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကနေသတင်း ရရှိပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (CCDAC MYANMAR) မှ တပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၃ နာရီခန့်မှာ ပင်လုံမြို့ နမ့်မလင်းကျေးရွာ အနီး၊ ပင်လုံ-လဲချားသွား ကားလမ်းမှာ လဲချားမှ ပင်လုံဘက် သို့ မြင့်အောင် မောင်းနှင်လာတဲ့ NISSAN ၁၂ ဘီး ကားကို သတင်းအရ ရှာဖွေရာ ကားပေါ်မှ ဒေသကာလ တန်ဖိုးငွေ ကျပ် သိန်း ၄,၇၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၉ ဒသမ ၃၈ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
 
စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ် တောင်ပိုင်း မှ မန္တလေးတိုင်းသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါ မြင့်အောင် ဆိုသူကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်းထုတ်ပြန်ပါတယ်။

#Yangon_Media_Group