#Local_News
Published - 6 Jan 2022

ဇန်နဝါရီလ ၆ရက် ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့တွင် ၆ဘီးယာဉ်တစ်စီးနဲ့ တိုယိုတာ Vitz အမျိုးအစားယာဉ်တစ်စီးတို့ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီ၅၅မိနစ် အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာထောင်ရပ်ကွက်၊ ရွာထောင်လမ်းဆုံတွင် Canter အမျိုးအစား (၆)ဘီးယာဉ်နှင့် TOYOTA Vitz အမျိုးအစား ယာဉ်တို့ တိုက်မိမှုဖြစ်ပွားပြီး (၆)ဘီးယာဉ်အောက်တွင် မ(၁)ဦး ပိမိနေကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် လမ်းပေါ်ရှိ ကျား(၁)ဦး (သေဆုံး)၊ မ(၁)ဦး(စိုးရိမ်ရ)၊ ကလေး(ကျား)(၁)ဦးနှင့် ကလေး(မ)(၁)ဦး(မစိုးရိမ်ရ)တို့ အား သုခကာရီလူမှုကူညီရေးအသင်းနှင့် SERT လူမှုကူညီရေးအသင်းတို့ မှ သူနာတင်ယာဉ်များဖြင့် စစ်ကိုင်းပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#Yangon_Media_Group