#LocalNews

Published - 5 Jan 2022

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားခြင်းနဲ့ပတ်သက်ပြီး သတ်မှတ်ရက်တိုးမြှင့်ဆောင်ရွက်ပေးမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့မှ ဒီဇင်ဘာလ (၃၀)ရက်နေ့အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

ယခုအခါ တိုင်းဒေသကြီး/ပြည်နယ်အားလုံး (ကျောင်းဖွင့်ရက်နောက်ကျသော တိုင်းဒေသကြီး/ပြည်နယ်(၉)ခုမှ မြို့နယ်(၄၆)မြို့နယ်နှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဝေးလံဒေသများအပါအဝင်)မှ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများနှင့် ပြင်ပဖြေဆိုမည့်သူများ အဆင်ပြေချောမွေ့စေရန်အတွက် လျှောက်လွှာရောင်းချခြင်းနှင့် ပြန်လည်ပေးပို့ခြင်းတို့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ သတ်မှတ်ရက်တိုးမြှင့်ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

 

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် လျှောက်ထားခြင်းနဲ့ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရှိ

(က) မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်

       ၀၆၇-၃၄၃၀၅၈၃၊ ၀၆၇-၃၄၃၀၅၈၄၊ ၀၉-၂၀၂၄၂၉၇

(ခ)  မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)

        ၀၉-၄၃၁၄၀၂၂၆၊ ၀၉-၂၆၁၉၅၅၅၅၉၊ ၀၉-၄၄၃၀၀၇၈၆၄ တို့ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

 

#Yangon_Media_Group