#LocalNews

Published - 5 Jan 2022

 

မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ကျောက်ကျင်းဘက်တွင်နေထိုင်သူအမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သည့်ဖြစ်စဥ်တစ်ခု ဇန်နဝါရီ ၄ ရက်၊ ညပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

မိမိကိုယ့်ကိုယ် ကြိုးဆွဲချသတ်သေခဲ့သူအမျိုးသားဟာ အသက် ၃၀ မှ ၃၅ ကြားအရွယ်ရှိသူဖြစ်ပြီး မည်သည့်အတွက်ကြောင့် အခုလိုသတ်သေခဲ့သည်ကိုတော့ မသိရပါဘူး။

 

၄င်း၏ဇနီးဖြစ်သူဟာ လွန်ခဲ့တဲ့(၃)လခန့်က ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး ၄င်းတွင် ကိုရင်ဝတ်နေသည့် ကလေးတစ်ဦးကျန်ရှိခဲ့တယ်လို့ ၄င်းနေထိုင်ရာပတ်ဝန်းကျင်ရှိ ဒေသခံများ၏ပြောပြမှုအရ သိရကြောင်း သေဆုံးသူ၏ (Dead Body)ကို သွားရောက်ကူညီသယ်ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(မုံရွာ)မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

"ဖြစ်စဥ်ဖြစ်တာက မုံရွာမြို့ရတနာပုံရပ်ကွက် ကျောက်ကျင်းဘက်မှာ လူတစ်ဦးကြိုးဆွဲချသေဆုံးနေတယ်ဆိုပြီး ပတ်ဝန်းကျင်က ကျွန်တော်တို့ အသင်းကို အကူအညီတောင်းခံလို့ ကျွန်တော်တို့အဖွဲ့တွေက သွားရောက်ကူညီခဲ့ခြင်းဖြစ်ပါတယ်။ သေဆုံးသူက ခန့်မှန်းရသလောက်က အသက်သိပ်မကြီးသေးပါဘူး။ အသက် ၃၀ နဲ့ ၃၅ ကြား လောက်မှာပဲရှိပါတယ်။ အရွယ်ငယ်သေးပါတယ်၊ ဘာကြောင့် အခုလိုသတ်သေလဲဆိုတာကတော့ ကျွန်တော်တို့မသိရပါဘူး။ သူနေထိုင်တဲ့ ပတ်ဝန်းကျင်ရဲ့ပြောပြချက်အရ သူ့ဇနီးက လွန်ခဲ့တဲ့ ၃ လ လောက်ကဆုံးသွားတယ်။ ကိုရင်ဝတ်နေတဲ့ ကလေးတစ်ဦး ကျန်ခဲ့တယ်လို့သိရတယ်။

 

သေဆုံးသူရဲ့ပုံစံက ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးခဲ့တဲ့လက္ခဏာတွေကို သူ့မှာအကုန်တွေ့ရပါတယ်။ ဘယ်လိုအကြောင်းကြောင်းကြောင့် ဘယ်လိုကြောင့်လဲဆိုတာက မသိရပါဘူး။ လူတိုင်းလူတိုင်းမှာ အခက်အခဲတော့ရှိတာပေါ့။ စိတ်လွတ်သွားတဲ့အချိန်ကျရင် ဒီလိုမျိုးတွေက ဖြစ်သွားနိုင်ပါတယ်။ ပြောရရင် လူတိုင်းလူတိုင်းက စိတ်ခံစားချက်တွေကို လွတ်မြောက်စေချင်တယ်။ လွတ်မြောက်တဲ့လမ်းကတော့ နည်းနည်းလွဲသွားတာပေါ့။" လို့ မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(မုံရွာ)မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

အဆိုပါသေဆုံးသူ၏(Dead Body)ကို မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(မုံရွာ)မှ သွားရောက်ကူညီသယ်ဆောင်ပြီး မုံရွာပြည်သူ့ဆေးရုံကြီး(ရင်ခွဲရုံ)သို့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

#Yangon_Media_Group