#LocalNews

Published - 5 Jan 2022

 

ပုခက်စီးရင်း လည်ပင်းကြိုးပတ်မိပြီး (၅)နှစ်အရွယ် ကလေးငယ်(မိန်းကလေး)တစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဥ်တစ်ခု ကျုံပျော်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါဖြစ်စဥ်ဟာ ဒီကနေ့ ဇန်နဝါရီ ၅ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးငယ်ဟာ ကျုံပျော်မြို့နယ်၊ သရက်ရိုးကျေးရွာမှာ နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

 

ပုခက်စီးရင်း လည်ပင်းကြိုးပတ်မိ၍ ကွယ်လွန်ခဲ့သော (၅)နှစ်အရွယ် မိန်ကလေးငယ်အား ကျုံပျော်ပြည်သူ့ဆေးရုံ၌ လိုအပ်သည်များစစ်ဆေး၍ နာရေးကူညီမှုအသင်း(ကျုံပျော်)မှ လူနာတင်ယာဉ်ဖြင့် သရက်ရိုးကျေးရွာနေအိမ်သို့ ပြန်လည်ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း အဆိုပါ လူမှုကူညီရေးအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

#Yangon_Media_Group