#LocalNews

Published - 4 Jan 2022

 

ကျောက်မဲမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် ငွေကျပ် ၇၇၄ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် ၁၄ တန်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီအချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့အဝင်၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် သိန္နီမှ မန္တလေးသို့ အောင်ဇော်ဦး မောင်းနှင်ပြီး သန်းဝင်း လိုက်ပါလာသည့် NISSAN ၆ ဘီး မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ပြောင်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် ၆ ဒသမ ၉ တန် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၆ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ လားရှိး-မန္တလေးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၄၇/၄၈)ကြားတွင် နောင်ချိုမှ ပြင်ဦးလွင်ဘက်သို့ ရန်ဖြိုးအောင်(ခ) မောင်ကြီး မောင်းနှင်ပြီး ထက်အာကာ(ခ)ကိုထက် လိုက်ပါလာသည့် NISSAN ၆ ဘီး မော်တော်ယာဉ်ကိုရှာဖွေရာ အလားတူပြောင်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ် ဆိုင်ယာနိုက် ၇ ဒသမ ၁၅ တန် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၇၇၄ သိန်း တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် ၁၄ တန်ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

ဖမ်းဆီးရမိမှုမှ ပါဝင်သူ ၄ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။

#Yangon_Media_Group