#LocalNews

Published - 4 Jan 2022

ရန်ကုန်မြို့ရှိ မြို့နယ် ၉ နယ်မှာ ဇန်နဝါရီ ၆ ရက်နေ့မှာ ယာယီရေပြတ်တောက်မယ်လို့ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာထားပါတယ်။

 

ဗဟန်း၊ မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ ဒဂုံ၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်နဲ့ ပုဇွန်တောင်မြို့နယ်တို့မှာ ရေအားလျော့နည်းပြတ်တောက်မှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ရေသုံးစွဲသူပြည်သူများ ရေကြိုတင်စုဆောင်းထားနိုင်ဖို့ ကြိုတင်အသိပေးကြေညာထားပါတယ်။

 

ကုက္ကိုင်းရေလှောင်ကန်မှ အဓိကရေပေးဝေလျက်ရှိရာ ရေဖိအားညီမျှစွာရရှိစေဖို့နဲ့ အချိန်ပိုင်း ရေပေးဝေရေးစနစ်ထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက် Butterfly Valve တပ်ဆင်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီမှ ညနေ ၆ နာရီအထိ လုပ်ဆောင်မှာကြောင့် ယာယီရေပြတ်တောက်မယ်လို့ သိရပါတယ်။

#Yangon_Media_Group