#LocalNews

Published - 4 Jan 2022

 

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မစျေးအတွင်း ဇန်နဝါရီ ၄ ရက် ယနေ့ မွန်းလွဲပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား(၂)ဦး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းများအရ သိရပါတယ်။

 

ဖြစ်စဥ်မှာယနေ့ နေ့လည် (၁) နာရီခွဲဝန်းကျင်ခန့်က မြို့မစျေးထဲ ပစ်ခတ်မှုဖြစ်ပွားပြီး ယင်းပစ်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံးခဲ့ပြီး ဖြစ်ပွားချိန်မှာစျေးအတွင်းသို့ TNLA အဖွဲ့က ဆက်ကြေးလာကောက်ချိန်ဖြစ်ကြောင်း နမ့်ခမ်းဒေသခံများက ပြောပါတယ်။

 

“သေတာကတော့ အမျိုးသား ၂ ဦးပါ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကလို့တော့သိရတယ် စျေးထဲမှာတော့ ရုတ်ရုတ်သဲသဲဖြစ်ပြီး ဆိုင်တွေပိတ်လိုက်ကြတယ်"လို့ နမ့်ခမ််းမြို့ခံတစ်ဦးကပြောပါတယ်။

 

၂၀၂၁ ဒီဇင်ဘာလကလည်း ဒေသခံလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TNLA တပ်ဖွဲ့မှ နမ့်ခမ်းမြို့မစျေးထဲ ဆက်ကြေးကောက်မှုကြောင့် စျေးသူစျေးသားများက မြို့မစျေးကို (၅) ရက်ပိတ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

#Yangon_Media_Group