#Local_News


Published - 3 Jan 2022

ဇန်နဝါရီလ၂ရက်နေ့ကရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ချောင်းဟောင်းကျေးရွာအနီးတွင် မော်တော် ယာဉ်တစ်စီး အရှိန်လွန်ပြီး ငါးမွေးမြူရေးကန်အတွင်းသို့ ပြုတ်ကျရာ ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ စိတ္တသုခလူမှုကူညီရေးအသင်းရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ငါးမွေးမြူရေးကန်အတွင်း ပြုတ်ကျသောယာဉ်အတွင်း ပိတ်မိနေသူများကို ဒေသခံများက ကယ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း ယာဉ်မောင်းတစ်ဦးသာ အသက်ရှင်ခဲ့ပြီး ကျန် ၅ ဦးသည် သေဆုံးခဲ့တယ်လို့ စိတ္တသုခအသင်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

"ကယ်ဆယ်ရေးလုပ်ခဲ့ပေမဲ့ ယာဉ်မောင်းကိုပဲ ကယ်နိုင်ခဲ့ပါတယ် ကျန်တဲ့ ငါးယောက်ကတော့သေဆုံးခဲ့ပါတယ် ကလေးငယ်တစ်ဦးပါဝင်ပါတယ်" ဟု တွံတေးမြို့နယ်စိတ္တသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

#Yangon_Media_Group