#Local_News

Published - 3 Jan 2022

နှစ်ကူးည အရက်ဝိုင်းတွင် ဇနီးဖြစ်သူက သူငယ်ချင်းဖြစ်သူနှင့်  ဖောက်ပြန်နေသည်ကိုသိရှိပြီး ဇနီးဖြစ်သူ၏အိမ် ထောင်ရေး ဖောက်ပြန်မှုကို ရိုက်နှက်မေးမြန်းရာမှ လက်လွန်ပြီး ဇနီးသည် သေဆုံးခဲ့ရသည့် ဖြစ်ရပ်တစ်ခုထိုင်းနိုင်ငံ၊ ဘန်းဘုံခရိုင်ခွဲ၊ ခေါင်ကျို မြို့နယ်၊ ချွန်ဘုရီခရိုင်၊ အိမ်အမှတ် 710/1 အိမ်ယာ ၉ တွင် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဇနီး မောင်နှံဟာ မြန်မာရွှေ့ ပြောင်းအလုပ်သမားများဖြစ်ကြပြီး နှစ်သစ်ကူးည (ဒီဇင်ဘာ ၃၁)ရက်တွင် ၎င်းတို့ဇနီး မောင်နှံနှင့် ၎င်းတို့၏  နေအိမ်၌ (၂)လခန့်သာ လာ ရောက် နေထိုင်သည့် သူငယ်ချင်းဖြစ်သူတိုနှင့်အတူ အရက်တစ်ဝိုင်းထဲ ထိုင် သောက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုသို အရက်အတူထိုင်သောက်နေရာမှ ၎င်းက အိမ်သာတက်ချင်လာသဖြင့် သွားတက်ရာမှ သူငယ်ချင်းနှင့် ဇနီးဖြစ်သူတို့နှစ်ဦးသာ ကျန်ရှိနေချိန်တွင် နှုတ်ခမ်းချင်းနမ်း၍ အိမ်ထောင်ရေးဖောက်ပြန်ကြသည်ကို အိမ်သာတက် နေစဉ်မှ လှမ်းမြင်တွေ့ ခဲ့ရသဖြင့် အိမ်သာမှ ပြန်ထွက်လာခဲ့ပြီး သူငယ်ချင်းဖြစ်သူအား အသာတကြည် ပြန်ခိုင်း၍ ကျန်ရှိသော ဇနီးဖြစ်သူကို လင်ယောကျ်ားကဆဲဆိုကြိမ်းမောင်းပြီး အိမ်ထောင်ရေး ဖောက်ပြန်မှုအား  မေးမြန်းခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ထိုသို  ရိုက်နှက်မေးမြန်းစဉ် ဇနီးဖြစ်သူက ပြန်လည်တုန့်ပြန်ပြောဆိုခဲ့ခြင်းမရှိဘဲ ငုံတုန့်ငြိမ်နေ၍ စိတ်ဆိုးဒေါသထွက်ပြီး အကြိမ်ကြိမ် ထိုးနက်ကန်ကျောက် ဆံပင်ကိုဆွဲ၍ ကြမ်းပြင်နှင့် ဆောင့်ကိုင်မိရာမှ ဇနီးဖြစ်သူ သတိမေ့မြောသွားသဖြင့် ဇနီးဖြစ်သူအား  နေအိမ်ရှိ
ကုတင်ပေါ်ပွေ့ချီချထားခဲ့ပြီး ဘေးဝန်းကျင် စတိုးဆိုင်မှ ထိုင်းနိုင်ငံသူ အမျိုးသမီးထံသို့ အကူညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ထိုင်းအမျိုးသမီး၏ အကူအညီဖြင့် စေတနာ့ဝန်ထမ်း လူနာတင်ယာဉ်နဲ့ ဘန်းဘုံဆေးရုံသို့ ပို့ဆောင်၍ ဇနီးဖြစ်သူအား ဆေးကုသမှု ခံယူ စေခဲ့ သော်လည်း ဦးခေါင်းခွံကွဲအက်ခြင်းဒဏ်ရာများနှင့် ဝမ်းဗိုက်တွင်း သွေးထွက်ခြင်း၊ သွေးပေါင်ကျခြင်း၊
နှလုံးခုန်နူန်းရပ်ခြင်းတို ကြောင့် အသက်ရှူပိုက်ထည့်ကာ ချွန်ဘုရီဆေးရုံသို့ ထပ်မံပို့ဆောင်ခဲ့သော်လည်း လမ်း၌ပင် ၎င်း၏ ဇနီးဖြစ်သူမှာ သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အမှုဖြစ်စဉ်ကို ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ် ဆေးလျက်ရှိတယ်လို့လည်းထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေးကူညီဆောင်ရွက်နေသူများထံမှ သိရပါတယ်။

Photo - CJ