#Local_News
Published - 3 Jan 2022


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နှင့် လှည်းကူးမြို့နယ်အစပ်ရှိ ဆင်ဖုံချောင်းတွင် ထိုးသွင်းဒဏ်ရာများဖြင့်ပုပ်ပွသေဆုံးနေသော အမျိုးသမီးအလောင်းတစ်လောင်းကိုတွေ့ ရှိခဲ့ရ ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအမျိုးသမီးအလောင်းကို ဇန်နဝါရီ ၂ ရက် နေ့ညနေပိုင်းအချိန်ကတွေ့ ရှိခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုများအရ အလောင်းမှာ ထိုးသွင်း ဒဏ်ရာနှစ်ချက်ကို  တွေ့ ရှိကြောင်းနှင့် အ လောင်းမှာလည်း ပုံပျက်နေကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။

ထိုသို့ ဆင်ဖုံချောင်းအတွင်း အလောင်းတစ်လောင်း  မျောပါနေကြောင်း တာဝန်သိပြည်သူများမှ ပုလဲအရန်မီးသတ်တပ်ဖွဲ့သို့ သတင်းပေး အကူအညီတောင်းခံမှု ကြောင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့က သွားရောက်ဆယ်ယူ၍ မေဓါဝီဆေးရုံသို့ အလောင်းအပ်နှံကူညီခဲ့ခြင်းဖြစ် ကြောင်းနှင့် သေဆုံးသူ ဆွေမျိုးများနှင့် အဆက်အသွယ်ရရှိခဲ့ပြီး ဖြစ်ကြောင်း အဆိုပါ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ - ပုလဲအရန်မီးသတ်တပ်ဖွဲ့ ။
 

#Yangon_Media_Group