#Local_News
 
Published - 3 Jan 2022

ယာဉ်စစ်ဆေးခြင်းမပြုဘဲ ယာဉ်သက်တမ်းတိုးခြင်းများကို ၂၀၂၂ ခုနှစ်၊ ဇွန်လပိုင်းအကုန်ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ ဆောင် ရေးညွှန်ကြားမှု
ဦးစီးဌာန(ကညန)မှ ထုတ်ပြန်လိုက်ပါတယ်။

သို သော်လည်း ယာဉ်သက်တမ်းတိုးရာတွင် ခရီးသည်တင်ယာဉ်( ၂၅)ယောက်စီးအထက် မပါဝင် ကြောင်းနှင့် ကျန်ယာဉ်များကိုသာ ယာဉ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးခြင်းကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

"ကညန ကယာဉ်သက်တမ်းတိုးတာတွေကို  လွန်ခဲ့တဲ့ ၂  လ  လောက်ထဲက ဝန်ဆောင်မှု တွေပြန်လုပ်ပေးခဲ့တယ်။ အခုထုတ်ပြန်တာက ယာဉ်စစ်ဆေးခြင်းမပြုဘဲ ယာဉ်သက်တမ်းတိုးခြင်းတွေကို ယခုနှစ် ဇွန်လပိုင်း အကုန်အထိပေါ့လေ ဆောင်ရွက်ပေးသွားမယ်လို့ ထပ်မံထုတ်ပြန်တာပါ။ ဒီနှစ် ၆ လပိုင်း ၃၀ ရက် နေ့အထိက ယာဉ်သက်တမ်းတိုးလိုသူ တွေအ နေနဲ့ ယာဉ်တွေကို သက်တမ်းတိုးရုံပါဘဲ။ ယာဉ်စစ်ဆေးမှု တွေ ဘာတွေကို ခံစရာမလိုတော့ဘူး။ ရုံးသွားပြီး သက်တမ်းတိုးလိုက်ရင် ရပါပြီ။ ကြိုတင်ဘိုကင်ယူစရာလည်း မလိုပါဘူး။
ဒါ ပေမဲ့ သူကခရီးသည်တင်ယာဉ် တွေ Express ယာဉ် တွေတော့မပါဘူး။ ခရီးသည်တင်ယာဉ်တွေကတော့ ယာဉ်စစ်ဆေးမှုကို ခံရပါမယ်။"လို့  ကညနဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ရန်ကုန်တိုင်းမ်ကို  ပြောပြခဲ့ပါတယ်။

လက်ရှိ ကာလတွင် ယာဉ်သက်တမ်းတိုးလိုသူများ အနေနဲ့ အွန်လိုင်းဘိုကင် ကြိုတင်ယူစရာမလို သော်လည်း ယာဉ် မောင်းလိုင်စင် သက်တမ်းတိုးလိုသူနှင့် ယာဉ်မောင်းလိုင်စင် အသစ်လျှောက်ထားလိုသူများ အနေနဲ့ကတော့ အွန်လိုင်းကနေ ကြိုတင်ဘိုကင် ယူဖို့လိုမယ်လို့ သိရပါတယ်။

#Yangon_Media_Group