#LocalNews

Published - 2 Jan 2022

 


ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွေမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဥ်များ ဆက်တိုက်ရှိလာတယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။

 

ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ သံသုမာလမ်းပေါ်တွင် ကျော်ဇင်ထွန်း(ခ)ဖိုးတူး မောင်းနှင်ပြီး မိုးနိုင်ဦး(ခ)တင်ကြီး လိုက်ပါလာသည့် MAZDA အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၃ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ဖြင့် ကျော်ဇင်ထွန်း(ခ)ဖိုးထူး(၃၃)နှစ် နှင့် မိုးနိုင်ဦး(ခ)တင်ကြီး(၄၄)နှစ် တို့အား တောင်ဥက္ကလာပမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

ဆက်လက်ပြီး ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ တနင်္သာရီလမ်းနေ အောင်ဖြိုးသူ နှင့် ဒေါ်စုနန္ဒာအောင်(ခ)မစု ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းတို့အား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၂၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၀၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ မွန်းလွဲ ၂ နာရီ အချိန် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ စည်ပင်လမ်းမကြီးပေါ်တွင် TOYOTA VITZ အမျိုးအစား မော်တော်ယာဉ် ၁ စီး ဖြင့်တွေ့ရှိသူ ပြည့်စုံနှင့် ရန်နိုင်လင်း(ခ)ချစ်ကို တို့အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ မက်သ်အဖက်တမင်း(ICE)အလေးချိန် ၁ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၂၅၀)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၂၀)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်ဖြိုးသူ(၃၃)နှစ်၊ ဒေါ်စုနန္ဒာအောင်(ခ)မစု(၄၄)နှစ်၊ ပြည့်စုံ(၄၄)နှစ် နှင့် ရန်နိုင်လင်း(ခ)ချစ်ကို(၂၄)နှစ် တို့အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ဇန်နဝါရီလ ၁ ရက်နေ့ ၁၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၇)ရပ်ကွက်၊ အောင်မင်္ဂလာ(၄) လမ်းနေ အာကာမင်း(ခ)အာကာ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အေးလွင်၊ ဇော်လင်းထွန်း(ခ) ဖိုးဇော် တို့အား တွေ့ရှိပြီး အာကာမင်း(ခ)အာကာ ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အာကာမင်း(ခ)အာကာ (၂၆)နှစ်၊ အေးလွင်(၃၈)နှစ် နှင့် ဇော်လင်းထွန်း(ခ)ဖိုးဇော်(၃၉)နှစ် တို့အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

#Yangon_Media_Group