#LocalNews

Published - 7 Dec 2021

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့အနောက်ဘက် ဂွေးပင်ကုန်းတံတားအနီးတွင် ပုပ်ပွနေသည့် လူသေအမျိုးသမီးအ လောင်းတစ်ခုအား ဒီကနေ့ ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းအချိန်က တွေ့ ရှိခဲ့ရကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ ထံကနေ
သိရပါတယ်။

 

"ဒီနေ့ နံနက် ၈ နာရီလောက်မှာ လူသေအလောင်းတွေ့တယ် ၊ သက်ဆိုင်ရာကနေ ကျွန်တော်တို့အသင်းကို အကြောင်းကြားလို့ သွားရောက်ကူညီသယ်ဆောင်ပေးခဲ့ပါတယ်။ ဘာကြောင့်သေဆုံးခဲ့တယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေပါတယ်။ သေဆုံးသူရဲ့
အမည်ရော နေရပ်လိပ်စာကိုရော မသိရသေးပါဘူး။"လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

အဆိုပါ လူသေအမျိုးသမီးအလောင်းအား ရဲတပ်ဖွဲ့၏ အကူအညီတောင်းခံမှုကြောင့် နတ်တလင်းမြို့ရှိ ဟိတကာရီသာရေးနာရေးကူညီမှုအသင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

ယင်းဖြစ်စဥ်နှင့် ပတ်သက်ပြီးတော့လည်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ - ဟိတကာရီသာရေးနာရေးကူညီမှုအသင်း။

#Yangon_Media_Group