Published: 5 December 2021

နစကဥက္ကဌ၊တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက်က NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက၊ယခင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး အား သူ၏ ဗဟန်းမြို့နယ် သံလွင်လမ်းရှိနေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ရန်ကုန်တိုင်းမ်ကို ပြောပါတယ်

"ကျန်းမာရေးအခြေအနေ မေးမြန်းအားမေးမြန်းတာတွေ လုပ်ခဲ့တယ်။လိုအပ်ရင် တပ်မတော် ဆေးရုံမှာ ကုသမှုခံယူနိုင်ဖို့အတွက် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်"ဟု ယင်းကပြောသည်။

 ယင်းနောက် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နေအိမ်ကိုလည်း သွားရောက်ကာ ကျန်းမာရေးအခြေအနေများကို မေးမြန်းခဲ့ကာ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပါ်မှု အခြေအနေများကို ပြောပြခဲ့ကြောင်းနှင့် နေပြည်တော်၌ တည်ထားကိုးကွယ်မည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်၍လည်း ပြောကြားခဲ့တယ်လို့သိရပါတယ်။

 "အဲဒါတွေပြီးတော့ ဗဟန်း SSC မှာ ဆေးကုသနေတဲ့

စည်သူ ဘိုကလေး တင့်အောင်ကို သွားရောက် တွေ့ဆုံခဲ့ပြီး ကျန်းမာရေး အခြေအနေ တွေကို မေးတာ။လိုအပ်တာတွေကို ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်ပေးခဲ့ပါတယ်"ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ (ဓါတ်ပုံများ-သတင်းမှန်ပြန်ကြားရေးအဖွဲ့)