#LocalNews

Published - 5 Dec 2021

 

အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI) နဲ့ ပူးပေါင်းသုတေသနစမ်းသပ်ချက်ကနေ YQR 12 (ဝိုင်ကြူအာ-၁၂) အရည်အသွေးကောင်းစပါးမျိုး ရရှိတယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက သိရပါတယ်။

 

၂၀၁၂ ခုနှစ်၊ မိုးရာသီမှ စတင်ပြီး ၂၀၁၇ ခုနှစ်အထိ နွေ၊ မိုး နှစ်ရာသီ အဆင့်ဆင့်မျိုးရွေးချယ်စမ်းသပ်တာတွေ ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

အဆင့်မြင့်အထွက်ယှဉ်ပြိုင်ခြင်း စမ်းသပ်ခြင်းများအား လက်ပံတန်း၊ မြောင်းမြ၊ ကျောက်ဆည်၊ ကျိုင်းတုံ၊ ရေဆင်းဒေသများတွင် စံထားမျိုး ရေဆင်းလုံးသွယ်နဲ့ စမ်းသပ်စိုက်ပျိုးခဲ့ရာ မျိုးလိုင်း၏ အရည်အသွေးလက္ခဏာအနေနဲ့ ရာသီမရွေးစိုက်ပျိုးနိုင်တဲ့ အမွှေးနံ့အနည်းငယ်ပါဝင်ပြီး စာသုံးမှုကောင်းတဲ့စပါးမျိုး ဖြစ်ပါတယ်။

 

အထွက်နှုန်းမှာ (၁၁၀-၁၂၀ တင်း/ဧက)အထိ အထွက်ကောင်းသောစပါးမျိုး ဖြစ်ပြီး ဆန်ရည်ဆန်သားကြည်လင်ကာ စပါးအုပ်စုမှာ ဧည့်မထအုပ်စုဖြစ်ပြီး ဆည်ရေ‌သောက်၊ မိုးရေသောက်ဒေသတို့မှာ နွေစပါး၊ မိုးစပါးအဖြစ် စိုက်ပျိုးနိုင်တဲ့မျိုးဖြစ်တယ်လို့ သိရပါတယ်။

#Yangon_Media_Group