#LocalNews

Published - 5 Dec 2021

 

လာမည့် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ လူဦးရေ ၆ ဒသမ၂ သန်းအား လူသားချင်းစာနာမှုအကူအညီပေးအပ်ရန် စီစဉ်ထားကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်လိုက်ပါတယ်။

 

ဒါ့အပြင် ၂၀၂၂ ခုနှစ်အတွက် အကူအညီပေးရန် လိုအပ်ငွေသည် ၂၀၂၁ ခုနှစ်၏ လိုအပ်ချက်ထက် နှစ်ဆကျော်ဖြစ်ပြီး အဆိုပါ ထိခိုက်လွယ်သူများအတွက် အခြေခံအစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အမိုးအကာ၊ ရေ၊ ပိုမိုကောင်းမွန်သောမိလ္လာစနစ်နှင့် အကာအကွယ်ပေးရေးဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အမေရိကန်ဒေါ်လာ ၈၂၆ သန်း လိုအပ်‌မည်ဖြစ်ကြောင်း ကုလက ဆိုပါတယ်။

 

ထို့အပြင် လာမည့်နှစ်အတွင်းမှာ အသက်များကို ကယ်တင်ရန်နှင့် COVID-19၊ ပဋိပက္ခနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခံစားရသူများ၏ အလုံးစုံကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ကူညီမှုဖြင့် မြှင့်တင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

သို့သော် အကူအညီများပေးအပ်ခြင်း၊ ပြည်သူများ၏ အသက်ကယ် ဝန်ဆောင်မှုများနှင့် အထောက်အပံ့များ ရရှိရေးတို့အတွက် နိုင်ငံ၏ နေရာအနှံ့အပြားတွင် အကန့်အသတ်များ ရှိနေဆဲဖြစ်ပြီး ယခုအခါ ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသများတွင် ကန့်သတ်ချက်များ၊တိုက်ပွဲများ၊ မြေမြှုပ်မိုင်းများနှင့် ခြိမ်းခြောက်မှုများကြောင့် အဆိုပါဒေသများရှိ ဝန်ထမ်းများ၏ ဘေးကင်းရေးသည် စိုးရိမ်စရာဖြစ်‌နေတယ်လို့လည်း (UNOCHA) ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#Yangon_Media_Group