#LocalNews

Published - 5 Dec 2021

 

တက္ကသိုလ်ဝင်တန်းစာပေးပွဲတွေကို ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့ကစပြီး ဧပြီ ၉ ရက်နေ့အထိ ကျင်းပသွားမယ်လို့ ဒီဇင်ဘာ ၄ ရက်နေ့က ပညာရေးဝန်ကြီး ဒေါက်တာညွှန့်ဖေက ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ဒါ့ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေကို အချိန်မီစစ်ဆေးနိုင်ဖို့ကိုလည်း ပြင်ဆင်စီမံဆောင်ရွက်နေတယ်လို့ ဝန်ကြီး ဒေါက်တာ ညွှန့်ဖေက ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ကို နိုဝင်ဘာ ၁၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၀ ရက်နေ့အတွင်း လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်။

 

ယခုမှာ ကျောင်းတွေ ယာယီပိတ်ထားတဲ့အတွက် ကျောင်းဖွင့်ရက်နောက်ကျတဲ့ တိုင်းဒေသကြီး၊ ပြည်နယ် ၉ ခုမှ မြို့နယ် ၄၆ မြို့နယ်ရှိ အခြေခံပညာကျောင်းတွေရဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြင်ပဖြေဆိုမယ့် သူတွေအတွက် လျှောက်လွှာရောင်းချတာနဲ့ ပြန်လည်ပေးပို့တာတို့ကို သတ်မှတ်ရက်တိုးမြှင့် သတ်မှတ်ပေးမယ်လို့ သိရပါတယ်။

 

ဇန်နဝါရီလမှာ တက္ကသိုလ်တွေ ဖွင့်လှစ်နိုင်ဖို့ကိုလည်း စီစဉ်နေတာဖြစ်ပြီး၊ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ပညာရပ်ဆိုင်ရာ၊ သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MOU) တွေကို တက္ကသိုလ်တွေအနေနဲ့ လွတ်လပ်စွာ လက်မှတ်ရေးထိုးခွင့်ပြုထားတယ်လို့လည်း ဆိုပါတယ်။

 

Photo - CJ

#Yangon_Media_Group