Published: 5 December 2021

စင်ကာပူနိုင်ငံတွင် ကျင်းပမယ့် ဆူဇူကီးဖလား ၂၀၂၀ ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အသင်းရဲ့ အပြီးသတ် ကစားသမား စာရင်းအား နည်းပြချုပ် အန်တွမ်နီဟေးက ဒီဇင်ဘညလ ၄ရက်နေ့ညပိုင်းကထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ထုတ်ပြန်ကြေညာရာမှာဒူးဒဏ်ရာ ရရှိနေတဲ့ကွင်းလယ်လူ မျိုးကိုထွန်းကို ယနေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ပြီး လက်ရှိအပြီးသတ် စာရင်းတွင် စုစုပေါင်း ကစားသမား ၂၇ ဦး ပါဝင်တယ်လို့သိရပါတယ်။

 

မြန်မာအသင်း အနေဖြင့် ဆူဇူကီးဖလား ၂၀၂၀ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် စင်ကာပူ အသင်းနှင့် မြန်မာစံတော်ချိန် ည (၇)နာရီ၊ စင်ကာပူ အမျိုးသား အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

 

မြန်မာ့လက်ရွေးစင် အသင်း ကစားသမား စာရင်း

 

ဂိုး- ပြည့်ဖြိုးအောင်၊ မျိုးမင်းလတ်၊ စိုးအာကာ၊ ပြည့်ဖြိုးသူ

 

နောက်တန်း– ဒေးဗစ်ထန်၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ ဝင်းမိုးကျော်၊ လာဒင်မောရာ၊ နေမိုးနိုင်၊ အောင်ဝဏ္ဏစိုး

 

ကွင်းလယ် – မောင်မောင်လွင်၊ မောင်မောင်ဝင်း၊ အောင်နိုင်ဝင်း၊ လှိုင်းဘိုဘို၊ ကောင်းထက်စိုး၊ ရန်နိုင်ဦး၊ လွင်မိုးအောင်၊ ထက်ဖြိုးဝေ၊ မြတ်ကောင်းခန့်၊ ဆမ်လန်မန်၊ ဟိန်းထက်အောင်

 

ရှေ့တန်း- သန်းပိုင်၊ အောင်ကောင်းမာန်၊ ဝင်းနိုင်ထွန်း