Published 22 April 2024

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့်၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကျေးရွာ ၅၈၁ ရွာ၌ သောက်သုံးရေ ရရှိရေးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။

ဦးစီးဌာနအနေဖြင့် နှစ်စဉ်နွေရာသီ သောက်သုံးရေပြတ်လပ်မှု ဖြစ်နိုင်ခြေရှိသော ကျေးရွာများကို ကြိုတင်စာရင်းကောက်ယူခြင်း၊ ကျေးရွာများနှင့် တိုက်ရိုက်ဆက်သွယ်ကာ သောက်သုံးရေ အလျင် အမြန်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် နွေရာသီတွင် နိုင်ငံတစ်ဝန်း ရေရှားပါးနိုင်သည့်ကျေးရွာပေါင်း ၁၀၂ ရွာ ခန့်မှန်းထားကြောင်း သိရသည်။
ထို့ကြောင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကျေးရွာ ၅၈၁ ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းပေါင်း ၆၄၄ ခုအထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group