Published_ 22 April 2024

လွှတ်တော်ဝင်းအတွင်းCCTVများတိုးချဲ့တပ်ဆင်ရန်၊တပ်ဆင်ထားပြီးဖြစ်သည့်  CCTVများကို စနစ်အဆင့်မြှင့်တင်မွမ်းမံရန်နှင့် လွှတ်‌တော်နှင့်အိမ်တော်များထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်တင်ဒါခေါ်ယူထားကြောင်း သိရသည်။

ယင်းကဲ့သို့ ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက် ရန်ရှိ၍ လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဧပြီ(၂၂) ရက်ထုတ်နိုင်ငံပိုင်သတင်းစာ၌ အိတ်ဖွင့်တင်ဒါ ခေါ်ယူထားသည်။

လွှတ်တော်ဝင်းအတွင်း IP CCTVကင်မရာများ တိုးချဲ့တပ်ဆင်ရန်အတွက် တင်ဒါခေါ်ယူထားသလို  တပ်ဆင်ထားပြီးဖြစ်သည့် Analong CCTVများကို IP CCTVကင်မရာစနစ်အဆင့်မြှင့်တင်မွမ်းမံခြင်းလုပ်ငန်း၊ Lighting Spare Partsများဝယ်ယူခြင်းများဆောင်ရွက်မည်ဟုဆိုသည်။

လွှတ်တော်တွင်းရှိအဆောင်၊အဆောက်အဦများတွင် ရေလုံလုပ်ငန်းများဆောင်ရွက်ခြင်း၊ကြွေပြားများပြုပြင်ခြင်း၊နံရံမှန်များကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ဆီလီကွန်ထိုးခြင်း၊ သမ္မတနားနေဆောင် ဆေးသုတ်ခြင်း၊porticoအဆင်းလမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါလုပ်ငန်းများအတွက် တင်ဒါများကို ဧပြီ(၂၄)ရက်မှ‌ မေလ(၈)ရက်အထိတင်ဒါလျှောက် လွှာများ ရောင်းချပေးမည်ဖြစ်ပြီး မေလ(၉)ရက်နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group