Publicshed 22 April 2024

ရန်ကုန်ယူနိုက်တက်(ယူ-၂၀)ဘောလုံးအသင်းအတွက် ကစားသမားသစ်များအားယနေ့မှ စတင်၍ ရွေးချယ်
နေပြီဖြစ်ကြောင်းသိရသည်။

လာမည့် ၂၀၂၄ ဘောလုံးရာသီတွင်ယှဉ်ပြိုင်သွားမည့် ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းတွင် လိုအပ်သည့်နေရာများကိုထပ်မံဖြည့်တင်းရန်အတွက် ကစားသမားအသစ်ရွေးချယ်မှုများပြုလုပ်နေခြင်းဖြစ်သည်။

ထိုသို့ရွေးချယ်ရာတွင် ဧပြီလ ၂၂ရက်မှ ၂၆အထိ  (၅ ရက်) တိုင်တိုင် Yangon United Sports Complex ၌ ရွေးချယ်နေခြင်းဖြစ်ကြောင်းသိရသည်။

လာရောက်ရွေးချယ်ခံသူများအနေဖြင့်  ၂၀၀၄ ခုနှစ် ဇွန်လ၁ရက် နောက်ပိုင်း မွေးဖွားသူဖြစ်ရမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်းတွင် ပါဝင်ကစားနိုင်မည့်အခွင့်အရေးကောင်းတစ်ခုဖြစ်သည့်အတွက် စိတ်ပါဝင်စားသည့် လူငယ်ဘောလုံးအားကစားသမားများအားဖိတ်ခေါ်ထားကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group