#Local_News

Published 19 April 2024

ဖူဆယ်အာရှဖလားပြိုင်ပွဲတွင် ယနေ့ ဧပြီ(၁၉) ရက်ည‌နေ၌အိမ်ရှင်ထိုင်းနှင့်မြန်မာအသင်းတို့သည်ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ Humark Indoor Stadium, Bangkokတွင်ယှဉ်ပြိုင်မည် ‌ဖြစ်ကြောင်းမြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

 

ဖူဆယ်အာရှဖလားပြိုင်ပွဲတွင် ပွဲဦးထွက်အ‌နေဖြင့် မြန်မာအသင်းနှင့်ဗီယက်နမ်အသင်းယှဉ်ပြိုင်ရာ၌ တစ်ဖက်တစ်ဂိုးစီဖြင့်သရေကျခဲ့သည်။

 

မြန်မာဖူဆယ်အသင်းသည် ဧပြီ(၁၇)ရက်မှာ ထိုင်းနိုင်ငံဘန်ကောက်မှာ ဗီယက်နမ်အသင်းနဲ့ အုပ်စု ပထမပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲ့သည်။

 

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် Mr. Bunlert Charoenwong က "ဒီနေ့ပွဲမှာ ဗီယက်နမ်လို အသင်းကောင်း တစ်သင်းကို သရေကျခဲ့တဲ့ အတွက် ပျော်ရွှင်ရပါတယ်။ ကစားသမားတွေက ကျွန်တော့် နည်းစနစ်အတိုင်း အကောင်းဆုံး ကစားနိုင်ခဲ့သလို ခံစစ်ကစားပုံကလည်း တော်တော်ကို ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ အချို့ ကစားသမားတွေက စိတ်လှုပ်ရှားမှုတွေ ရှိနေပါသေးတယ်။ ကစားသမားသစ်တွေအတွက်လည်း အတွေ့အ ကြုံ ကောင်းတွေ ရရှိမှာပါ။ ထိုင်းနဲ့ ပွဲအပါအဝင် နောက်ပွဲစဉ်အတွက်လည်း ကောင်းဆုံး ပြင်ဆင်သွားမှာပါ"လို့ AFC Futsal Asian Cup 2024 ပြိုင်ပွဲ  ဗီယက်နမ်အသင်းနှင့် ပွဲအပြီးမှာ ပြောကြားခဲ့သည်။


Readmore>>>
မြန်မာ-ဗီယက်နမ်ပွဲစဉ်တွင် ပထမပိုင်းအချိန်အထိ နှစ်ဘက်အသင်းမှ ဂိုးရရှိဖို့ အသည်းအသန်ကြိုးပမ်း‌ခဲ့ကြပေမယ့် ဂိုးမရကြဘဲ ဒုတိယပိုင်းမှ တစ်ဂိုး-တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။

 

ရှေ့ဆက်ပြီး ဧပြီ(၁၉)ရက်မှာ အိမ်ရှင်ထိုင်းနှင့် မြန်မာအသင်းဆက်ပြိုင်ရမှာဖြစ်ပြီး ဧပြီ(၂၁)ရက်မှာတော့ တရုတ်နှင့်ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရသည်။

 

#Local_News #ဖူဆယ်အာရှဖလားပြိုင်ပွဲ #အိမ်ရှင်ထိုင်းနှင့်မြန်မာပြိုင် #tthl #Yangon_Times