#LocalPolitics

Published - 3 December 2021

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က လာမယ့်အပတ်ထဲတွင် မြန်မာနစကနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ကမ္ဘောဒီးယား လာရောက်ဖို့ သူဖိတ်ကြားမယ်လို့ ပြောကြားလိုက်ပါတယ်။

သူက ကြာသပတေးနေ့တုန်းက တောင်ပိုင်း သီဟာနုတ်ဗီလီမြို့မှာ မိန့်ခွန်းပြောစဉ် ထည့်သွင်းပြောကြားခဲ့တာကို  ကမ္ဘောဒီးယားနိုင်ငံပိုင်မီဒီယာက ဖော်ပြတာဖြစ်တယ်လို့  NHK ကရေးသားပါတယ်။

သူဟာ ဦးဝဏ္ဏမောင်လွင်ကို လာမယ့် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တွေမှာ လာရောက်ရန် ဖိတ်ကြားဖို့စီစဉ်နေပြီး သူကိုယ်တိုင်လည်း မြန်မာနိုင်ငံကိုသွားရောက်ဖို့ စီစဉ်နေတယ်လို့ပြောပါတယ်။

ကမ္ဘောဒီးယားဟာ လာမယ့်နှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူတော့မယ့်အချိန်မတိုင်ခင်ကလေးမှာ ဟွန်ဆန်ရဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
အာဆီယံနှင့်ပတ်သက်လို့ အရေးကြီးတဲ့အချက်က ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ်မှာ အားလုံးသဘောတူမှုနှင့်ဆောင်ရွက်တဲ့  အခြေခံမူဖြစ်ပြီး နိုင်ငံ ၁၀ နိုင်ငံစလုံးရဲ့ သဘောဆန္ဒရယူရတာဖြစ်တယ်။ ကျန်တဲ့(၉)နိုင်ငံတည်းနှင့်မဟုတ်ဘူးလို့ လည်း သူက အလေးပေးပြောကြားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

မြန်မာစစ်တပ်နှင့် စေ့စပ်ဆက်သွယ်ဆောင်ရွက်ခြင်းဟာ အာဆီယံအဖွဲ့အတွင်းချောင်ပိတ်မိနေတာ အဆုံးသတ်စေပြီး  ပုံမှန်ပြန်ဖြစ်ဖို့အတွက် အကူအညီဖြစ်စေလိမ့်မယ်လို့ ဟွန်ဆန်က ယုံကြည်မျှော်လင့်နေပုံရတယ်လို့ သတင်းကရေးသားပါတယ်။
Source NHK