Published 14 July 20212
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ကူးစက်မှုမြင့်မားနေတဲ့အတွက် ဇူလိုင်၁၅ရက်၊ကြာသပတေးနေ့ကစပြီး မြန်မာနိုင်ငံက ခရီးသွားတွေ စင်ကာပူကို ဝင်ခွင့်မပြုတော့ဘူးလို့ စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ကြေညာပါတယ်။
ကြာသပတေးနေ့ ည၁၁နာရီ၅၉မိနစ်ကစပြီး မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ ၂၁ရက်အတွင်း ခရီးသွားရာဇဝင်ရှိထားတဲ့ စင်္ကာပူမှာ ကာလရှည်နေထိုင်ခွင့်ရထားသူတွေ၊ကာလတိုဧည့်သည်တွေကို စင်္ကာပူကိုဝင်ခွင့်သော်လည်းကောင်း၊စင်္ကာပူကနေ တစ်ဆင့်ခံ ခရီးသွားမှာကိုသော်လည်းကောင်း ဝင်ခွင့်မပြုတော့ဘူးလို့ကြေညာချက်အရသိရပါတယ်။
“ စင်္ကာပူကို ဝင်ဖို့ ကြိုတင်ခွင့်ပြုချက်ရထားသူတွေပါ ဒီကြေညာချက်မှာအကျုံးဝင်တယ်” လို့ စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
မကြာခင်က မြန်မာနိုင်ငံကိုခရီးသွားထားတဲ့ မည်သည့်ခရီးသည်မဆို စင်္ကာပူကိုရောက်တာနဲ့ အေအာရ်တီနှင့်ပိုးစစ်ဆေးမှုခံယူရမှာဖြစ်ပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံကိုခရီးသွားခဲ့တဲ့ရာဇဝင်ရှိပြီး အိမ်မှာ၁၄ရက်နေဖို့ ကြာသပတေးနေ့ ည၁၁နာရီ၅၉မိနစ်အထိမပြီးသေးတဲ့သူတွေလည်း သတ်မှတ်ထားတဲ့နေရာမှာ ဆက်နေရပြီး ရောက်တာနဲ့ ပီစီအာရ်စစ်ရမယ်လို့သတင်းကဖော်ပြထားပါတယ်။
Ref: The Straits Times