Published_ 06 April 2024

ရန်ကုန်တွင် နေ့အပူချိန်မြင့်တက်‌နေပြီး အလုံမြို့နယ်တွင် အပူဒဏ်ကြောင့် သတိလစ်နေသူကို ကြက်ခြေနီက ရှေးဦးပြုစုပြီး ဆေးရုံသို့ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် ဧပြီလ(၄)ရက်နေ့ နေ့လယ်ပိုင်းက အပူဒဏ်ကြောင့် သတိလစ်နေသူ(၁)ဦးကို အလုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုပြီး ရန်ကုန်အနောက်ပိုင်းဆေးရုံ ထိုမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့  ကြက်ခြေနီလူနာတင်ယာဥ်ဖြင့်  ပို့ဆောင် ကူညီခဲ့သည်ဟုဖော်ပြထားသည်။

ရန်ကုန်မြို့သည်  နေ့အပူချိန်အမြင့်ဆုံးဒေသ(၃၀) ကျော်၌ပါဝင်ပြီး(၄၀)ဒီဂရီ ဆဲလ်ဆီးယပ်အထက်နှင့် (၄၀)ဒီဂရီ၊(၃၉)ဒီဂရီတို့မှာရှိနေပြီး အပူဒဏ်ကြောင့် သတိလစ်ခြင်း၊အပူလျှပ်ခြင်း၊ဦးနှောက်သွေးကြောပြတ်ခြင်းများမဖြစ်အောင်သတိပြု ကာကွယ်ရန် ကျန်းမာရေးဝန်ကြီးဌာနမှနှိုးဆော်ထားကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 06 April 2024
#YMG_News #Yangon_Times #Yangon_Media_Group