#LocalNews

Published - 2 Dec 2021

အသွင်သစ် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် RCSS အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)၏ အနှစ်သာရကို ကိုင်စွဲကာ အဖွဲ့အစည်းများအားလုံးနဲ့လက်တွဲပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ ထုတ်ပြန်လိုက်ပါတယ်။


ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာကျရောက်တဲ့ RCSS နှင့် အစိုးရအကြား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော ပြည်နယ်အဆင့် နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ် (၁၀) နှစ်ပြည့်ထုတ်ပြန်ချက်မှာ ထည့်သွင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ် (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် RCSS က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများနဲ့ ဆက်စပ်ပစ္စည်းများကို လွယ်တိုင်းလျဲန်း ဗဟိုဌာနချုပ် အမှတ် (၁) စစ်ဒေသနှင့် တပ်မဟာ (၇၀၇) ၏ နယ်မြေတို့တွင် ယနေ့ မီးရှို့ဖျက်ဆီးသွားမယ်လို့ သိရပါတယ်။


အထိမ်းအမှတ်အဖြစ် မီးရှို့ဖျက်ဆီးမယ့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွဆေးပြား (၁,၁၃၆,၉၇၄)ပြား၊ ဘိန်းညိုမှုန့် (၃၀၄) ကီလိုဂရမ်၊ အက်ဆစ် (၄၃,၅၆၀) လီတာနှင့် ဆိုဒါမှုန့် (၃၆,၀၀၀) ကီလိုဂရမ်တို့ဖြစ်တယ်လို့ သိရပါတယ်။

#Yangon_Media_Group