#LocalNews

Published - 2 Dec 2021

ပန်ခမ်းတစ်မြို့လုံး အာခေါင်တို့ဖတ်စစ်ဆေးမှု ထပ်မံစစ်ဆေးရာတွင် ပန်ခမ်းမြို့ တစ်မြိုလုံးနေရာအများအပြားတွင် ရောဂါကူးစက်မှုပြန့်နှံ့လျက်ရှိတာကြောင့် "ဝ" ပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုခေါင်းဆောင်အဖွဲ့၏ လမ်းညွှန်ချက်အရ lockdown ကာလကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

 

မူလက ဒီဇင်ဘာလ ၂ ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး ယခုအခါ ထပ်မံသက်တမ်းတိုးလိုက်တာပဲ ဖြစ်ပါတယ်။

 

ပန်ခမ်းမြို့ နားလော့ဒေသရှိ ၆၁၈ ဆေးရုံတွင် ကိုဗစ်ကူးစက်မှုဖြစ်ပေါ်ခဲ့တာကြောင့် နိုဝင်ဘာလ ၅ ရက်နေ့ကနေနိုဝင်ဘာလ ၁၁ ရက်နေ့အတွင်း ၆၁၈ ဆေးရုံတွင် တက်ရောက်ကုသခဲ့သေ ာလူနာတွေနဲ့ဧည်သည်အားလုံ း"ဝ" ပြည်နယ်ကျန်းမာရေးဌာနကို သတင်းပို့ကာ စစ်ဆေးမှုခံယူရန် အထူးကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

 

မကြာသေးခင်ကလည်း ကိုဗစ်ကူးစက်မှုကြောင့် "ဝ" ဒေသပန်ခမ်းမြို့ကို၊နိုဝင်ဘာလ၊၁၁ ရက်နေ့ည ၁၂:၀၀ နာရီအချိန်တွင် lockdown ချ၍ တစ်မြို့လုံး အာခေါင်တို့ဖတ်စစ်ဆေးမှုပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီး မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့နဲ့ ၂၀၂၁ခုနှစ်၊နိုဝင်ဘာလ ၁၆ ရက်နေ့ခန့်တွင် lockdown ပြန်ဖျက်သိမ်းမှာဖြစ်လို့ မိဘပြည်သူများအနေနဲ့စည်းကမ်းလိုက်နာကြပါရန် အသိပေးထားခဲ့ပါတယ်။

 

ကိုဗစ်တတိယလှိုင်းကာလမှ ာ"ဝ" ဒေသအနေနဲ့ ကူးစက်မှုမရှိအောင် တင်းကြပ်စွာဆောင်ရွက်ခဲ့ပြီး ပန်ခမ်းမြို့မှာ ဒုတိယအကြိမ် တစ်မြို့လုံး အာခေါင်တို့ဖတ်စစ်ဆေးမှုလုပ်ငန်း သြဂုတ်လ ၂၁ ရက်နေ့က ဆောင်ရွက်ခဲ့သလို စုစုပေါင်းစစ်ဆေးသူ ၅၂,၉၂၂ ဦးနှင့် စစ်ဆေးမှုရလဒ်အားလုံးမှာ negative ထွက်ရှိခဲ့ပါတယ်။

 

ဒါကြောင့် ပန်ခမ်းမြို့covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနရဲ့ ခွင့်ပြုချက်အရ ပန်ခမ်းမြို့အတွင်း သြဂုတ်လ ၂၁ ရက်နေ့ ည ၈:၀၀ နာရီအချိန်မှစ၍ ပုံမုန်သွားလာခွင့်ပြုခဲ့ပြီး ယခုအခါ ကူးစက်မှုအချို့တွေ့ရှိရတာကြောင့် ပြန်လည်ကန့်သတ်ပိတ်ပင်ကာ စစ်ဆေးရတာဖြစ်တယ်လို့ သိရပါတယ်။

#Yangon_Media_Group