၂၇ မတ် ၂၀၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin နှင့် အဖွဲဝင်များ (၇၉)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ရန် နေပြည်တော်သို့ရောက်ရှိနေပါတယ်။ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီးနှင့်အဖွဲ့သည် မတ်လ ၂၆ရက်ညပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာ  ရင်ပြင်၌ ကျင်းပပြုလုပ်တဲ့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက် တပ်မတော်နေ့  အထိမ်းအမှတ်  အကြိုဂုဏ်ပြု ညစာစားပွဲကိုတက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ရုရှားဧည့်သည်တော်များနှင့်အတူ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်   ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း  ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ကာကွယ်ရေးဦးစီးချုပ်(လေ) ၊ကောင်စီအတွင်း   ရေးမှူး၊တွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊  ပြည်ထောင်စုဝန်ကြီးများ၊  အဆင့်မြင့်တပ်မတော်အရာရှိကြီးများတက်ရောက်ခဲ့ကြပါတယ်။

ယင်းအပြင် ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစု ဝင်များ၊ အငြိမ်းစားတပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီး များ၊ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အသွင်ပြောင်းပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟို အကြံပေးကွပ်ကဲရေးအဖွဲ့များနှင့် အခြား ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

@ymg/knl